ျမန္မာအလုပ္သမား ၅၀ ကို မီးေလာင္ေနတဲ့ ကားထဲက ကယ္တဲ့ ထိုင္းယာဥ္ေမာင္း ေသဆံုး

0
1118

ထိုင္း ယာဥ္ေမာင္းတစ္ဦးဟာ ဒီေန႔ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔က ျမန္မာ ခရီးသည္ ၅၀ ကို မီးေလာင္ေနတဲ့ကားထဲက ကယ္တင္ခဲ့ၿပီး ကားကို ထိန္းႏိုင္ဖို႔ ႀကိဳးစားစဥ္ ေသဆံုးသြားပါတယ္။

ယာဥ္ေမာင္း ဆမ္ရမ္ ဒူအန္ဆာ အတ္ဟာ ေနရပ္ျပန္မယ့္ ျမန္မာ အလုပ္သမားေတြကို ဖက္ခ်ာဘူရီကေန နယ္စပ္ၿမိဳ႕ မဲေဆာက္ၿမိဳ႕ကို ပို႔ေပးဖို႔ ေမာင္းလာတာ ျဖစ္ပါတယ္။ ျမန္မာ အလုပ္သမားေတြကို တင္လာတဲ့ ဘတ္စ္ကားဟာ ကုန္းတက္ ကုန္းဆင္းေတြ ရွိတဲ့ေနရာမွာ အင္ဂ်င္ခန္းက မီးေလာင္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၆၀ အရြယ္ ယာဥ္ေမာင္းဟာ ခရီးသည္ေတြကို ကားထဲက ထြက္ႏိုင္ေအာင္ လုပ္ေဆာင္ေပးခဲ့ပါတယ္။ ယာဥ္ေမာင္းနဲ႔ ခရီးသည္တခ်ိဳ႕က မီးၿငိမ္းသတ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

မီးကို ထိန္းႏိုင္ခါနီးမွာ ကားဟာ ေရွ႕ကို စၿပီးလိမ့္တဲ့အတြက္ ယာဥ္ေမာင္းဟာ ကားေပၚတက္ၿပီး ယာဥ္ေမာင္းေနရာမွာ ထိုင္ကာ ကားကိုရပ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေရွ႕က ျဖည္းျဖည္းခ်င္းသြားေနတဲ့ ၁၈ ဘီး ကားႀကီးကို တိုက္ၿပီးမွ ရပ္သြားခဲ့ပါတယ္။ ယာဥ္ေမာင္း ဆမ္ရမ္ ဒူအန္ဆာ အတ္လည္း အဲဒီလို တိုက္မိမႈေၾကာင့္ ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာအလုပ်သမား ၅၀ ကို မီးလောင်နေတဲ့ ကားထဲက ကယ်တဲ့ ထိုင်းယာဉ်မောင်း သေဆုံး

ထိုင်း ယာဉ်မောင်းတစ်ဦးဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က မြန်မာ ခရီးသည် ၅၀ ကို မီးလောင်နေတဲ့ကားထဲက ကယ်တင်ခဲ့ပြီး ကားကို ထိန်းနိုင်ဖို့ ကြိုးစားစဉ် သေဆုံးသွားပါတယ်။

ယာဉ်မောင်း ဆမ်ရမ် ဒူအန်ဆာ အတ်ဟာ နေရပ်ပြန်မယ့် မြန်မာ အလုပ်သမားတွေကို ဖက်ချာဘူရီကနေ နယ်စပ်မြို့ မဲဆောက်မြို့ကို ပို့ပေးဖို့ မောင်းလာတာ ဖြစ်ပါတယ်။ မြန်မာ အလုပ်သမားတွေကို တင်လာတဲ့ ဘတ်စ်ကားဟာ ကုန်းတက် ကုန်းဆင်းတွေ ရှိတဲ့နေရာမှာ အင်ဂျင်ခန်းက မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၆၀ အရွယ် ယာဉ်မောင်းဟာ ခရီးသည်တွေကို ကားထဲက ထွက်နိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ယာဉ်မောင်းနဲ့ ခရီးသည်တချို့က မီးငြိမ်းသတ်ဖို့ ကြိုးစားခဲ့ပါတယ်။

မီးကို ထိန်းနိုင်ခါနီးမှာ ကားဟာ ရှေ့ကို စပြီးလိမ့်တဲ့အတွက် ယာဉ်မောင်းဟာ ကားပေါ်တက်ပြီး ယာဉ်မောင်းနေရာမှာ ထိုင်ကာ ကားကိုရပ်ဖို့ ကြိုးစားခဲ့ပေမယ့် ရှေ့က ဖြည်းဖြည်းချင်းသွားနေတဲ့ ၁၈ ဘီး ကားကြီးကို တိုက်ပြီးမှ ရပ်သွားခဲ့ပါတယ်။ ယာဉ်မောင်း ဆမ်ရမ် ဒူအန်ဆာ အတ်လည်း အဲဒီလို တိုက်မိမှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)