ခ်စ္သူမ်ားေန႔အထိမ္းအမွတ္ ေပ်ာ္ပြဲရႊင္ပြဲေတြမွာ လူငယ္စံုတြဲ ေတာ္ေတာ္မ်ားမ်ား လာေရာက္ (႐ုပ္/သံ)

0
921

ရန္ကုန္ၿမိဳ႕မွာ ခ်စ္သူမ်ားေန႔အထိမ္းအမွတ္ ေပ်ာ္ပြဲရႊင္ပြဲေတြျပဳလုပ္ခဲ့ၾကျပီး လူငယ္စံုတြဲ ေတာ္ေတာ္မ်ားမ်ား လာေရာက္ခဲ့ၾကပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္က ေပးပို႔ထားပါတယ္။

ေဖေဖာ္၀ါရီလ ၁၄ ရက္ ခ်စ္သူမ်ားေန႔အထိမ္းအမွတ္ေပ်ာ္ပြဲရႊင္ပြဲနဲ႔ သီခ်င္းဆိုေဖ်ာ္ေျဖမႈေတြကို ရန္ကုန္ျမိဳ႕ ျပည္သူ႔ရင္ျပင္ ကြင္း၁ မွာ က်င္းပခဲ႔တာပါ ။ ဒီပြဲကို ရန္ကုန္ျမိဳ႕က လူငယ္စံုတြဲေတြ အမ်ားအျပားလာေရာက္ခဲ႔ၾကျပီး နာမည္ၾကီးအဆိုေတာ္ေတြက ေဖ်ာ္ေျဖခဲ့ၾကပါတယ္။ ဒီပြဲမွာ လာေရာက္ေဖ်ာ္ေျဖခဲ႔တဲ႔ အဆိုေတာ္ ဘီလီလမင္ေအးက ခ်စ္သူမရွိေသးေပမယ့္ ခ်စ္သူေတြ သစၥာရွိရွိနဲ႔မ်ားမ်ားခ်စ္ႏိုင္ၾကပါေစလို႔ အခုလိုေျပာပါတယ္ ။

Soundbite-ဘီလီလမင္းေအး

ခ်စ္သူမ်ားေန႔ေပ်ာ္ပြဲရႊင္ပြဲ အထိမ္းအမွတ္ပြဲမွာ ခ်စ္သူ စံုတြဲေတြအျပင္ သူငယ္ခ်င္းေတြလည္းပါ၀င္ဆင္ႏႊဲခဲ့ျပီး
ေရေသာက္ျပိဳင္ပြဲ၊ မုန္႔စားျပိဳင္ပြဲစတဲ့ ဂိမ္းကစားနည္းေတြမွာ ဆုရသူေတြကို အမွတ္တရ လက္ေဆာင္ေတြေပးခဲ့ၾကပါတယ္။

Soundbite-HAZZEL RAY

အခုလို ခ်စ္သူမ်ားေနအမွတ္တရေပ်ာ္ပြဲရႊင္ပြဲေတြျပဳလုပ္ရတာက ခ်စ္သူ သူငယ္ခ်င္းေတြ အတြက္ အျဖဴေရာင္ အမွတ္တရေတြကို ဖန္တီးဖို႔ရည္ရြယ္တာျဖစ္ျပီး ႏွစ္ဦးတစ္ဘ၀ တည္ေဆာက္ဖို႔အျပန္အလွန္ေလးစားစို႔ဆိုတဲ့ ေခါင္းစဥ္နဲ႔ေပ်ာ္ပြဲရႊင္ပြဲေတြျပဳလုပ္ခဲ႔တာျဖစ္ေၾကာင္း ပြဲစီစဥ္သူေတြကေျပာဆိုထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မြို့မှာ ချစ်သူများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေပြုလုပ်ခဲ့ကြပြီး လူငယ်စုံတွဲ တော်တော်များများ လာရောက်ခဲ့ကြပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနဲ့ သီချင်းဆိုဖျော်ဖြေမှုတွေကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ကွင်း၁ မှာ ကျင်းပခဲ့တာပါ ။ ဒီပွဲကို ရန်ကုန်မြို့က လူငယ်စုံတွဲတွေ အများအပြားလာရောက်ခဲ့ကြပြီး နာမည်ကြီးအဆိုတော်တွေက ဖျော်ဖြေခဲ့ကြပါတယ်။ ဒီပွဲမှာ လာရောက်ဖျော်ဖြေခဲ့တဲ့ အဆိုတော် ဘီလီလမင်အေးက ချစ်သူမရှိသေးပေမယ့် ချစ်သူတွေ သစ္စာရှိရှိနဲ့များများချစ်နိုင်ကြပါစေလို့ အခုလိုပြောပါတယ် ။

Soundbite-ဘီလီလမင်းအေး

ချစ်သူများနေ့ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ်ပွဲမှာ ချစ်သူ စုံတွဲတွေအပြင် သူငယ်ချင်းတွေလည်းပါဝင်ဆင်နွှဲခဲ့ပြီး
ရေသောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲစတဲ့ ဂိမ်းကစားနည်းတွေမှာ ဆုရသူတွေကို အမှတ်တရ လက်ဆောင်တွေပေးခဲ့ကြပါတယ်။

Soundbite-HAZZEL RAY

အခုလို ချစ်သူများနေအမှတ်တရပျော်ပွဲရွှင်ပွဲတွေပြုလုပ်ရတာက ချစ်သူ သူငယ်ချင်းတွေ အတွက် အဖြူရောင် အမှတ်တရတွေကို ဖန်တီးဖို့ရည်ရွယ်တာဖြစ်ပြီး နှစ်ဦးတစ်ဘဝ တည်ဆောက်ဖို့အပြန်အလှန်လေးစားစို့ဆိုတဲ့ ခေါင်းစဉ်နဲ့ပျော်ပွဲရွှင်ပွဲတွေပြုလုပ်ခဲ့တာဖြစ်ကြောင်း ပွဲစီစဉ်သူတွေကပြောဆိုထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)