
0
959


ဒီနေ့ညနေမှာပဲ ဘင်္ဂလားဒေ့ရှ် သမ္မတ အဗ္ဗဒူ ဟာမစ်နဲ့ တွေ့ဆုံမှာဖြစ်ပြီး မနက်ဖြန်မှာတော့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒတ်ဇ်ာမန်း ခန်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ဘင်္ဂလားဒေ့ရှ် သမ္မတနဲ့ တွေ့မယ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက် ဒေသစံတော်ချိန် ၁၂ နာရီ ၄၈ မိနစ်မှာ ဒါကာမြို့ကို ရောက်ရှိသွားပါတယ်။

ဒီနေ့ညနေမှာပဲ ဘင်္ဂလားဒေ့ရှ် သမ္မတ အဗ္ဗဒူ ဟာမစ်နဲ့ တွေ့ဆုံမှာဖြစ်ပြီး မနက်ဖြန်မှာတော့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒတ်ဇာ်မန်း ခန်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

တွေ့ဆုံမှုမှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှု ပူးပေါင်းတိုက်ဖျက်ရေး၊ နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေးရုံးဖွင့်လှစ်ရေးတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)