ေက်ာက္ေျမာင္းေဈး ကေမာၻဇဘဏ္ခြဲမွာ ေငြစကၠဴအတု ေတြ႕ရွိ

0
986

ရန္ကုန္တုိင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္ ေက်ာင္းေျမာင္းေစ်း ကေမာၻဇဘဏ္ခြဲမွာ လာေရာက္အပ္ႏွံတဲ့ ေငြထဲကေန က်ပ္ ၁ ေသာင္းတန္ ေငြစကၠဴအတု ၂၇ ရြက္နဲ႔ က်ပ္ ၅၀၀၀ တန္း အတု ၈ ရြက္ ေတြ႔ရွိခဲ့တယ္လို႔ ျပည္ထဲေရး ဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔က သတင္းထုတ္ျပန္ထားပါတယ္။

အဲ့ဒီ ေငြစကၠဴအတုေတြဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁ ရက္ေန႔ကေန ၃၁ ရက္ေန႔အထိ ေက်ာက္ေျမာင္းေစ်း ကေမာၻဇဘဏ္ခြဲမွာ လာေရာက္အပ္ႏွံထားတဲ့ ေငြေတြထဲက ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ အဲဒီ ေငြစကၠဴအတုေတြကို ဘဏ္ခြဲမန္ေနဂ်ာ ေဒၚသဇင္သင္းက ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔က တာေမြၿမိဳ႕မ ရဲစခန္းကို လာေရာက္အပ္ႏွံခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ ေငြစကၠဴအတုေတြကို တာေမြၿမိဳ႕နယ္ၿမိဳ႕မ ရဲစခန္းကေန တဆင့္ CID ကို လႊဲေျပာင္း အပ္ႏွံသြားမွာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောက်မြောင်းဈေး ကမ္ဘောဇဘဏ်ခွဲမှာ ငွေစက္ကူအတု တွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျောင်းမြောင်းဈေး ကမ္ဘောဇဘဏ်ခွဲမှာ လာရောက်အပ်နှံတဲ့ ငွေထဲကနေ ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ၂၇ ရွက်နဲ့ ကျပ် ၅၀ဝ၀ တန်း အတု ၈ ရွက် တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ငွေစက္ကူအတုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကျောက်မြောင်းဈေး ကမ္ဘောဇဘဏ်ခွဲမှာ လာရောက်အပ်နှံထားတဲ့ ငွေတွေထဲက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ငွေစက္ကူအတုတွေကို ဘဏ်ခွဲမန်နေဂျာ ဒေါ်သဇင်သင်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တာမွေမြို့မ ရဲစခန်းကို လာရောက်အပ်နှံခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ငွေစက္ကူအတုတွေကို တာမွေမြို့နယ်မြို့မ ရဲစခန်းကနေ တဆင့် CID ကို လွှဲပြောင်း အပ်နှံသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)