0
923
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မြစ်ကြီးနား – ပူတာအို လမ်းမှာ တံတားခြောက်စင်း တည်ဆောက်မယ့် အစီအစဉ် ရွှေ့ဆိုင်း
တပ်မတော်နဲ့ KIA တိုက်ပွဲ ဖြစ်ပွာနေတာကြောင့် မြစ်ကြီးနား – ပူတာအို သွားလမ်းမှာ တည်ဆောက်မယ့် တံတားခြောက်စင်း တည်ဆောက်မယ့် အစီအစဉ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။ အဲ့ဒီ လမ်းပိုင်းမှာ တံတားအစင်း ၁၀ဝ ကျော်ရှိပြီး တံတား နှစ်စင်းလည်း ဖျက်ဆီခံထားရပါတယ်။
အဲ့ဒီ တံတားခြောက်စင်းအတွက် ဆောက်လုပ်ခွင့်ရမယ့် တင်ဒါဖွင့်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်မှာ အဲဒီ လမ်းပိုင်းရှိ လပြည့် လမ်းတံတား ဆောက်လုပ်ရေးကုမ္ပဏီက ဘက်ဟိုးတစ်စီး သယ်ဆောင်လာစဉ် KIA အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)