
0
873



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖားကန့်မှာ ကျောက်ကမ်းပါးယံ ပြိုကျ၊ ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေး ကျေးရွာအနီး ယူနတီ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်အတွင်းမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျောက်ကမ်းပါးယံ ပြိုကျလို့ ရေမဆေးကျောက် ရှာဖွေသူ ၂ ဦး ကျောက်ခဲထိမှန် သေဆုံးခဲ့ပါတယ်။

ယူနတီ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အတွင်းမှာ အမြင့်ပေ ၁၅၀ ရှိတဲ့ ကျောက်ကမ်းပါးယံကနေ ကျောက်ခဲတွေ ပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်ရှာဖွေသူ အမျိုးသား ၂ ဦးကို ထိမှန်ပြီး ပါးစပ်၊ နှာခေါင်း သွေးထွက်၊ ယာဦးခေါင်း၊ ပုခုံးပေါက်ပြဲ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)