
0
234


ဒီဆန္ဒပြပွဲကို ဖေဖော်ဝါရီိလ ၁၆ ရက်နေ့မှာ ပြုလုပ်ဖို့ရှိနေတာဖြစ်ပြီး မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ (PCMJ) က ဦးဆောင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာ သတင်းထောက်တွေ လွတ်မြောက်ရေး ရန်ကုန်မှာ ဆန္ဒပြမယ်

ရိုက်တာ သတင်းထောက် နှစ်ယောက် ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့မှာ ချီတက်ဆန္ဒပြဖို့ ရှိနေပါတယ်။

ဒီဆန္ဒပြပွဲကို ဖေဖော်ဝါရိီလ ၁၆ ရက်နေ့မှာ ပြုလုပ်ဖို့ရှိနေတာဖြစ်ပြီး မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ (PCMJ) က ဦးဆောင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ သတင်းလွတ်လပ်ခွင့်ရရှိရေး၊ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေး တောင်းဆိုသွားမှာဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ မီဒီယာသမားတွေ စုပေါင်း ဆန္ဒပြသွားမှာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ရန်ကုန်မြို့ သမိုင်းလမ်းဆုံက စတင်သွားမှာဖြစ်ပြီး လှည်းတန်းအနီးမှာ အဆုံးသတ်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)