တ႐ုတ္-ျမန္မာ ေပါက္ေဖာ္ ခ်စ္ၾကည္ေရး ပေဒသာကပြဲ ရန္ကုန္မွာ က်င္းပ

0
940

၂ဝ၁၈ ခုႏွစ္ ႏွစ္သစ္ကူးပြဲေတာ္ တ႐ုတ္-ျမန္မာ ေပါက္ေဖာ္ ခ်စ္ၾကည္ေရး အႏုပညာ ပေဒသာကပြဲကို မေန႔က ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ ည ၇ နာရီက ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕နယ္ရွိ အမ်ဳိးသားဇာတ္႐ုံမွာ ျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီ ကပြဲမွာ တ႐ုတ္႐ိုးရာ ယဥ္ေက်းမႈ အကေတြျဖစ္တဲ့ ေပ်ာ္ရႊင္ဖြယ္ရာ မိသားစုအက၊ ညီမငယ္ရဲ႕ေတာ သီခ်င္းေလးနဲ႔အတူ အက၊ ပိုင္လူမ်ဳိး ဆ႒ဂံ ဗုံအက၊ ကြၽမ့္လူမ်ဳိး စကၠဴ ျမင္းအက၊ တိုင္လူမ်ဳိးအက၊ ရီလူမ်ဳိးအက၊ ေျမာင္လူမ်ဳိးအကတို႔ အပါအဝင္ ကြၽမ္းဘား ကစားမႈ အကေတြနဲ႔ တင္ဆက္ကျပခဲ့ပါတယ္။

ဒါ့အျပင္ အမ်ဳိးသား ယဥ္ေက်းမႈနဲ႔ အႏုပညာတကၠသိုလ္ (ရန္ကုန္) က ေက်ာင္းသူ၊ ေက်ာင္းသားေတြ ကလည္း ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈ အႏုပညာ အကေတြျဖစ္တဲ့ ပခန္းယိမ္း အက၊ ႐ုပ္ေသးအက၊ ပုသိမ္ထီးအကနဲ႔ တို႔ျပည္ေထာင္စု အကတို႔ကို ေဖ်ာ္ေျဖတင္ဆက္ခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး ပဒေသာကပွဲ ရန်ကုန်မှာ ကျင်းပ

၂ဝ၁၈ ခုနှစ် နှစ်သစ်ကူးပွဲတော် တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး အနုပညာ ပဒေသာကပွဲကို မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ ကပွဲမှာ တရုတ်ရိုးရာ ယဉ်ကျေးမှု အကတွေဖြစ်တဲ့ ပျော်ရွှင်ဖွယ်ရာ မိသားစုအက၊ ညီမငယ်ရဲ့တော သီချင်းလေးနဲ့အတူ အက၊ ပိုင်လူမျိုး ဆဋ္ဌဂံ ဗုံအက၊ ကျွမ့်လူမျိုး စက္ကူ မြင်းအက၊ တိုင်လူမျိုးအက၊ ရီလူမျိုးအက၊ မြောင်လူမျိုးအကတို့ အပါအဝင် ကျွမ်းဘား ကစားမှု အကတွေနဲ့ တင်ဆက်ကပြခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသား ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (ရန်ကုန်) က ကျောင်းသူ၊ ကျောင်းသားတွေ ကလည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာ အကတွေဖြစ်တဲ့ ပခန်းယိမ်း အက၊ ရုပ်သေးအက၊ ပုသိမ်ထီးအကနဲ့ တို့ပြည်ထောင်စု အကတို့ကို ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)