ေတြ႕ဆုံေဆြးေႏြးတဲ့အခါ အနည္းဆုံးအဆင့္ ယာယီအပစ္ရပ္ေရး လိုတယ္လို႔ ေဒါက္တာ တူးဂ်ာ ေျပာ

0
238

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) မွာ လက္မွတ္ထိုးဖို႔ ေဆာင္ရြက္ေနစဥ္ အခ်ိန္မွာ အနည္းဆံုး ယာယီ အပစ္အခတ္ ရပ္စဲထားဖို႔ လိုတယ္လို႔ ကခ်င္ျပည္နယ္ ဒီမိုကေရစီပါတီ (KSDP) ဥကၠ႒ ေဒါက္တာ တူးဂ်ာက ေျပာပါတယ္။

NCA လက္မွတ္ထိုးဖို႔ ေဆာင္ရြက္ေနစဥ္မွာ တိုက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ လက္နက္ကိုင္ တိုင္းရင္းသား အဖဲြ႔အစည္းေတြ အေနနဲ႔ NCA စာခ်ဳပ္မွာ လက္မွတ္ထိုးဖို႔ ယံုၾကည္မႈ အားနည္းေနတာလို႔ သူက ေျပာပါတယ္။

NCA မွာ မြန္ျပည္သစ္ပါတီနဲ႔ လားဟူ ဒီမိုကရက္တစ္ အစည္းအ႐ုံးတို႔ ပါဝင္လက္မွတ္ေရးထိုးပြဲ အခမ္းအနားအၿပီးမွာ ေဒါက္တာ တူးဂ်ာက အခုလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တွေ့ဆုံဆွေးနွေးတဲ့အခါ အနည်းဆုံးအဆင့် ယာယီအပစ်ရပ်ရေး လိုတယ်လို့ ဒေါက်တာ တူးဂျာ ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးဖို့ ဆောင်ရွက်နေစဉ် အချိန်မှာ အနည်းဆုံး ယာယီ အပစ်အခတ် ရပ်စဲထားဖို့ လိုတယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ပြောပါတယ်။

NCA လက်မှတ်ထိုးဖို့ ဆောင်ရွက်နေစဉ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ ယုံကြည်မှု အားနည်းနေတာလို့ သူက ပြောပါတယ်။

NCA မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားအပြီးမှာ ဒေါက်တာ တူးဂျာက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)