
0
926




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်က လူနာတင်ယာဉ်တစ်စီး လှူဒါန်း

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူနာတင်ယာဉ်တစ်စီး လှူဒါန်းခဲ့ပါတယ်။

ဒီလှူဒါန်းပွဲကို ရခိုင်ပြည်နယ် အစိုးရရုံးမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် သံရုံးက စီးပွားကူးသန်းရေးနဲ့ ဒုတိယသံမှူး မစ္စတာ ဟက်ဆန် ခက်လိဒ် ဖိုဟိဆဲလ်က လွှဲပြောင်းပေးအပ်ခဲ့တာကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက လက်ခံရယူခဲ့ပါတယ်။

အခု တစ်ခေါက်နဲ့ဆိုရင် ဘင်္ဂလားဒေရှ့် နိုင်ငံကနေ လူနာတင်ယာဉ်လှူဒါန်းမှု တတိယမြောက်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း လူနာတင်ယာဉ် နှစ်စီးကို နေပြည်တော် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို လှူဒါန်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)