အင္းဒင္မွာ အသတ္ခံရသူ ၁၀ ဦးဟာ ARSA အၾကမ္းသမားလို႔ ဦးေဟာက္ဒိုဆြမ္း ေျပာ

0
984

ရခိုင္ျပည္နယ္ အင္းဒင္ေက်းရြာမွာ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၂ ရက္ေန႔က အသတ္ခံရသူ ၁၀ ဦးဟာ ARSA အၾကမ္းဖက္တိုက္ခိုက္သူေတြ ျဖစ္တယ္လို႔ ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

လံုၿခံဳေရးတပ္ဖြဲ႔ေတြက ရဲလက္ကို မအပ္ဘဲ သတ္ျဖတ္ၿပီး ေက်းရြာသခ်ႋဳင္းမွာ ျမွဳပ္ခဲ့ေၾကာင္း၊ လုပ္ထံုးလုပ္နည္း စည္းမ်ဥ္းေတြကို ေဖာက္ခ်က္ခဲ့တဲ့ တပ္မေတာ္သား၊ ရဲအရာရွိနဲ႔ ရြာသား စုစုေပါင္း ၁၆ ဦးကို အေရးယူထားေၾကာင္းနဲ႔ တပ္မေတာ္ရဲ႕ အဲဒီလို အေရးယူ လုပ္ေဆာင္ခ်က္ဟာ တာဝန္ယူမႈရွိတဲ့ အျပဳသေဘာေဆာင္ ေျခလွမ္းျဖစ္လို႔ ေထာက္ခံအားေပးထိုက္ေၾကာင္း ဦးေဟာက္ဒိုဆြမ္းက ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က က်င္းပတဲ့ ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်းဒင်မှာ အသတ်ခံရသူ ၁၀ ဦးဟာ ARSA အကြမ်းသမားလို့ ဦးဟောက်ဒိုဆွမ်း ပြော

ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က အသတ်ခံရသူ ၁၀ ဦးဟာ ARSA အကြမ်းဖက်တိုက်ခိုက်သူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက ရဲလက်ကို မအပ်ဘဲ သတ်ဖြတ်ပြီး ကျေးရွာသင်္ချိုင်းမှာ မြှုပ်ခဲ့ကြောင်း၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေကို ဖောက်ချက်ခဲ့တဲ့ တပ်မတော်သား၊ ရဲအရာရှိနဲ့ ရွာသား စုစုပေါင်း ၁၆ ဦးကို အရေးယူထားကြောင်းနဲ့ တပ်မတော်ရဲ့ အဲဒီလို အရေးယူ လုပ်ဆောင်ချက်ဟာ တာဝန်ယူမှုရှိတဲ့ အပြုသဘောဆောင် ခြေလှမ်းဖြစ်လို့ ထောက်ခံအားပေးထိုက်ကြောင်း ဦးဟောက်ဒိုဆွမ်းက ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)