
0
940




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗိုလ်တထောင်မှာ လုယက်၊ အဓမ္မပြုကျင့်မှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်မှာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးဆီကနေ ပစ္စည်းတွေ ခြိမ်းခြောက် လုယက်ပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဆောက်လက်စ ၈ ထပ်အဆောက်အအုံရဲ့ ပထမထပ်မှာ အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ် လူတစ်ယောက် ရောက်လာပြီး ပိုက်ဆံတောင်း၊ နားကပ်ဖြုတ်ယူကာ ပုဆိုးကို ဆုတ်ဖြဲပြီး ကြိုးအဖြစ်အသုံးပြု တုပ်နှောင်ကာ အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်စဉ် တွေ့ရှိသိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းထောက်လှမ်းခဲ့ရာမှာ ခိုးမှုနဲ့ ထောင် ၁ နှစ် ၉ လကျပြီး ဇန်နဝါရီလ ၁၉ ရက်နေ့က ထောင်ကလွတ်လာတဲ့ မျိုးမင်းသူ (ခ) မျိုးဦး ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အတွက် ထိရောက်တဲ့ အပြစ်ဒဏ်ရရှိရေး ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)