လြတ္လပ္စြာ ေျပာဆိုခြင့္ မရွိေသးဘူးလို႔ လႊတ္ေတာ္ အမတ္ ဦးေနဘုန္းလတ္ ေျပာ

0
870

ဒီမိုကေရစီကူးေျပာင္းမႈ ျဖစ္စဥ္နဲ႔ အင္တာနက္က ေျပာင္းလဲမႈေတြ ျဖစ္ေစေပမယ့္ လူေတြကေတာ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ မရွိေသးဘူးလို႔ ရန္ကုန္တိုင္း လႊတ္ေတာ္အမတ္ ဦးေနဘုန္းလတ္က ေျပာပါတယ္။

အေျပာင္းအလဲေတြ ရွိေပမယ့္ အကန္႔အသတ္ေတြ၊ စိန္ေခၚမႈေတြနဲ႔ ၿခိမ္းေျခာက္မႈေတြ ရွိေနဆဲဆိုတာ ဝန္ခံရမယ္လို႔ ဘေလာ္ဂါတစ္ဦးလည္း ျဖစ္ခဲ့သူ ဦးေနဘုန္းလတ္က ဟိန္းနရစ္ခ်္ ဘိုးလ္ ေဖာင္ေဒးရွင္းက ေဖာ္ျပတဲ့ ေဆာင္းပါးတစ္ပုဒ္ထဲမွာ ေရးသားထားပါတယ္။

ဆက္သြယ္ေရး ပုဒ္မ ၆၆ (ဃ) ဟာ အေတြးအျမင္ကို ထုတ္ေဖာ္ေျပာဆိုဖို႔အတြက္ ႀကီးမားတဲ့အတားအဆီးျဖစ္ေနၿပီး ဒီလိုနည္းနဲ႔ ပိတ္ပင္ထားတာဟာ လြတ္လပ္စြာ ေျပာဆိုခြင့္နဲ႔ အင္တာနက္ လြတ္လပ္ခြင့္အတြက္ အရွက္ရစရာ ျဖစ္တယ္လို႔ သူ႔ေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွတ်လပ်စွာ ပြောဆိုခွင့် မရှိသေးဘူးလို့ လွှတ်တော် အမတ် ဦးနေဘုန်းလတ် ပြော

ဒီမိုကရေစီကူးပြောင်းမှု ဖြစ်စဉ်နဲ့ အင်တာနက်က ပြောင်းလဲမှုတွေ ဖြစ်စေပေမယ့် လူတွေကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိသေးဘူးလို့ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးနေဘုန်းလတ်က ပြောပါတယ်။

အပြောင်းအလဲတွေ ရှိပေမယ့် အကန့်အသတ်တွေ၊ စိန်ခေါ်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေ ရှိနေဆဲဆိုတာ ဝန်ခံရမယ်လို့ ဘလော်ဂါတစ်ဦးလည်း ဖြစ်ခဲ့သူ ဦးနေဘုန်းလတ်က ဟိန်းနရစ်ချ် ဘိုးလ် ဖောင်ဒေးရှင်းက ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ရေးသားထားပါတယ်။

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဟာ အတွေးအမြင်ကို ထုတ်ဖော်ပြောဆိုဖို့အတွက် ကြီးမားတဲ့အတားအဆီးဖြစ်နေပြီး ဒီလိုနည်းနဲ့ ပိတ်ပင်ထားတာဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ အင်တာနက် လွတ်လပ်ခွင့်အတွက် အရှက်ရစရာ ဖြစ်တယ်လို့ သူ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)