ရခိုင္ျပည္နယ္ ပဋိပကၡထက္ ဘာေၾကာင့္ သူ႔ကို ICC က အာ႐ံုစိုက္ေနသလဲလို႔ ဒူတာေတး ေမး

0
299

ရခိုင္ျပည္နယ္ကေန ထြက္ေျပးလာတဲ့ မြတ္စလင္ေတြကိစၥ ရွိေနပမယ့္ ႏိုင္ငံတကာ ရာဇဝတ္မႈ တရား႐ံုး (ICC) က ဘာေၾကာင့္ သူ႔ရဲ႕ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးစစ္ပြဲကို အာ႐ံုစိုက္ေနသလဲလို႔ ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက ေမးခြန္းထုတ္လိုက္ပါတယ္။

မူးယစ္ေဆးဝါး ႏွိမ္နင္းေရးစစ္ပြဲမွာ ဥပေဒမဲ့ သတ္ျဖတ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ICC က ကနဦး သံုးသပ္ခ်က္အေပၚ မစၥတာ ဒူတာေတးက တံု႔ျပန္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ ဒီလိုစြဲခ်က္တင္ခံရတဲ့ ပထမဆံုး ႏိုင္ငံအႀကီးအကဲ ျဖစ္တယ္၊ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြ အသတ္ခံေနရတာေၾကာင့္ သူ႔ကိုမွ စြဲခ်က္တင္ဖို႔ ေရြးခ်ယ္တယ္လို႔ သမၼတ ဒူတာေတးက ေျပာပါတယ္။ ကုလသမဂၢဆိုတာ ဘယ္စစ္ပြဲမွ တားႏိုင္တာမဟုတ္ဘူး၊ အသံုးမဝင္ဘူးလို႔လည္း ေဝဖန္လိုက္ပါတယ္။

ဇန္နဝါရီလအတြင္းက အိႏၵိယခရီးစဥ္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုစဥ္ သမၼတ ဒူတာေတးက လူ႔အခြင့္အေရး အဖြဲ႔ေတြရဲ႕ ေဝဖန္မႈေတြကို လ်စ္လ်ဴ႐ႈထားဖို႔ ေျပာဆိုခဲ့ဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် ပဋိပက္ခထက် ဘာကြောင့် သူ့ကို ICC က အာရုံစိုက်နေသလဲလို့ ဒူတာတေး မေး

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင်တွေကိစ္စ ရှိနေပမယ့် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) က ဘာကြောင့် သူ့ရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို အာရုံစိုက်နေသလဲလို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက မေးခွန်းထုတ်လိုက်ပါတယ်။

မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲမှာ ဥပဒေမဲ့ သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICC က ကနဦး သုံးသပ်ချက်အပေါ် မစ္စတာ ဒူတာတေးက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဒီလိုစွဲချက်တင်ခံရတဲ့ ပထမဆုံး နိုင်ငံအကြီးအကဲ ဖြစ်တယ်၊ ရိုဟင်ဂျာ မွတ်စလင်တွေ အသတ်ခံနေရတာကြောင့် သူ့ကိုမှ စွဲချက်တင်ဖို့ ရွေးချယ်တယ်လို့ သမ္မတ ဒူတာတေးက ပြောပါတယ်။ ကုလသမဂ္ဂဆိုတာ ဘယ်စစ်ပွဲမှ တားနိုင်တာမဟုတ်ဘူး၊ အသုံးမဝင်ဘူးလို့လည်း ဝေဖန်လိုက်ပါတယ်။

ဇန်နဝါရီလအတွင်းက အိန္ဒိယခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် သမ္မတ ဒူတာတေးက လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဝေဖန်မှုတွေကို လျစ်လျူရှုထားဖို့ ပြောဆိုခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)