ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပး ခန္႔မယ္လို႔ မစၥတာ ဂတ္တာရက္ဇ္ ေျပာ

0
374

ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပး ခန္႔အပ္ဖို႔ ရွိတယ္လို႔ ကုလသမဂၢ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ မစၥတာ အန္တိုနီယို ဂတ္တာရက္ဇ္က ေျပာပါတယ္။

ကူဝိတ္ႏိုင္ငံကို ေရာက္ရွိေနတဲ့ မစၥတာ ဂတ္တာရက္ဇ္ကို VOA သတင္းဌာနက ေတြ႔ဆံုေမးျမန္းစဥ္ အခုလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

သူတို႔တေတြျပန္ရာမွာလည္း စခန္းေတြကို ျပန္တာမဟုတ္ဘဲ ထြက္ေျပးလာခဲ့တဲ့ ေနရာရင္းကို ျပန္ႏုိင္ၾကဖို႔ လိုအပ္ပါတယ္၊ ဒီအခ်က္ ျဖစ္ေျမာက္ႏုိင္ဖုိ႔က ရင္းႏီွးျမႇဳပ္ႏွံမႈ အေတာ္ေလး လိုအပ္ပါတယ္၊ ဖ်က္ဆီးခံခဲ့ရတဲ့ ရြာေတြကို ျပန္တည္ေဆာက္ေပးဖို႔သာမက ဒုကၡသည္ေတြ ျပန္လာၾကတဲ့အခါမွာ မေၾကာက္ရြံ႕ဖို႔လည္း ျပန္လည္ သင့္ျမတ္ေရးကို လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္၊ သူတို႔ကို ႏွင္ထုတ္ခဲ့တဲ့ လံုၿခံဳေရးတပ္ေတြ အေနနဲ႔ လက္တုန္႔မျပန္ဘူး ဆိုတာကိုလည္း အာမခံခ်က္ရရွိဖို႔လိုပါတယ္လို႔ မစၥတာ ဂတ္တာရက္ဇ္က ေျဖၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ခန့်မယ်လို့ မစ္စတာ ဂတ်တာရက်ဇ် ပြော

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ခန့်အပ်ဖို့ ရှိတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂတ်တာရက်ဇ်က ပြောပါတယ်။

ကူဝိတ်နိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ ဂတ်တာရက်ဇ်ကို VOA သတင်းဌာနက တွေ့ဆုံမေးမြန်းစဉ် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူတို့တတွေပြန်ရာမှာလည်း စခန်းတွေကို ပြန်တာမဟုတ်ဘဲ ထွက်ပြေးလာခဲ့တဲ့ နေရာရင်းကို ပြန်နိုင်ကြဖို့ လိုအပ်ပါတယ်၊ ဒီအချက် ဖြစ်မြောက်နိုင်ဖို့က ရင်းနှီးမြှုပ်နှံမှု အတော်လေး လိုအပ်ပါတယ်၊ ဖျက်ဆီးခံခဲ့ရတဲ့ ရွာတွေကို ပြန်တည်ဆောက်ပေးဖို့သာမက ဒုက္ခသည်တွေ ပြန်လာကြတဲ့အခါမှာ မကြောက်ရွံ့ဖို့လည်း ပြန်လည် သင့်မြတ်ရေးကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်၊ သူတို့ကို နှင်ထုတ်ခဲ့တဲ့ လုံခြုံရေးတပ်တွေ အနေနဲ့ လက်တုန့်မပြန်ဘူး ဆိုတာကိုလည်း အာမခံချက်ရရှိဖို့လိုပါတယ်လို့ မစ္စတာ ဂတ်တာရက်ဇ်က ဖြေကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)