ဘဂၤါလီ မြတ္စလင္ေတြ ဝင္မလာေရး ျမန္မာနယ္စပ္ လံုၿခံဳေရး တင္းက်ပ္ဖို႔ အိႏၵိယမွာ တိုက္တြန္း

0
341

ျမန္မာႏိုင္ငံဘက္ကေန ဘဂၤါလီ မြတ္စလင္ေတြ ဝင္မလာေစေရးအတြက္ အိႏၵိယ-ျမန္မာ နယ္စပ္မွာ လံုၿခံဳေရး တင္းက်ပ္ဖို႔ မီဇိုရမ္ ဝန္ႀကီးခ်ဳပ္ လာ ထန္ေဟာ္လာက အိႏၵိယ ျပည္ေထာင္စု ျပည္ထဲေရးဝန္ႀကီး ရတ္ဂ်္နတ္ ဆင္းကို တိုက္တြန္းလိုက္ပါတယ္။

လာ ထန္ေဟာ္လာဟာ ဝန္ႀကီး ရတ္ဂ်္နတ္ ဆင္းနဲ႔ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က ေဒလီမွာ ေတြ႔ဆံုၿပီး အိႏၵိယ-ျမန္မာ နယ္စပ္လံုၿခံဳေရး ကိစၥကို က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ကေန မီဇိုရမ္ ျပည္နယ္ထဲကို ဘဂၤါလီ မြတ္စလင္ေတြနဲ႔ အၾကမ္းဖက္သမားေတြ ဝင္လာရင္ ျပႆနာ အႀကီးအက်ယ္ ရင္ဆိုင္ရႏိုင္တယ္လို႔ လာ ထန္ေဟာ္လာက ျပည္ထဲေရးဝန္ႀကီးကို တင္ျပခဲ့ပါတယ္။

ျမန္မာတပ္မေတာ္နဲ႔ ရခိုင္ AA လက္နက္ကိုင္အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားမႈကို စိုးရိမ္ေၾကာင္းနဲ႔ အဲဒီတိုက္ပြဲေတြေၾကာင့္ ျမန္မာ ဒုကၡသည္ ၁၆၀၀ ေက်ာ္ မီဇိုရမ္မွာ ခိုလံႈေနရတဲ့ ကိစၥကိုလည္း သူက ေျပာဆိုခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ မွတ်စလင်တွေ ဝင်မလာရေး မြန်မာနယ်စပ် လုံခြုံရေး တင်းကျပ်ဖို့ အိန္ဒိယမှာ တိုက်တွန်း

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂါလီ မွတ်စလင်တွေ ဝင်မလာစေရေးအတွက် အိန္ဒိယ-မြန်မာ နယ်စပ်မှာ လုံခြုံရေး တင်းကျပ်ဖို့ မီဇိုရမ် ဝန်ကြီးချုပ် လာ ထန်ဟော်လာက အိန္ဒိယ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ရတ်ဂျ်နတ် ဆင်းကို တိုက်တွန်းလိုက်ပါတယ်။

လာ ထန်ဟော်လာဟာ ဝန်ကြီး ရတ်ဂျ်နတ် ဆင်းနဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဒေလီမှာ တွေ့ဆုံပြီး အိန္ဒိယ-မြန်မာ နယ်စပ်လုံခြုံရေး ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ မီဇိုရမ် ပြည်နယ်ထဲကို ဘင်္ဂါလီ မွတ်စလင်တွေနဲ့ အကြမ်းဖက်သမားတွေ ဝင်လာရင် ပြဿနာ အကြီးအကျယ် ရင်ဆိုင်ရနိုင်တယ်လို့ လာ ထန်ဟော်လာက ပြည်ထဲရေးဝန်ကြီးကို တင်ပြခဲ့ပါတယ်။

မြန်မာတပ်မတော်နဲ့ ရခိုင် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကို စိုးရိမ်ကြောင်းနဲ့ အဲဒီတိုက်ပွဲတွေကြောင့် မြန်မာ ဒုက္ခသည် ၁၆၀ဝ ကျော် မီဇိုရမ်မှာ ခိုလှုံနေရတဲ့ ကိစ္စကိုလည်း သူက ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)