စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ မောင်တောကို သွားရောက် စစ်ဆေး

0
307

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့အဖွဲ့ဝင်တွေဟာ မောင်တောဒေသကို တတိယအကြိမ် မြေပြင်ကွင်းဆင်း စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ မောင်တောမြို့ကို ရောက်ရှိခဲ့ပါတယ်။

အဲဒီရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ အဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးအဖွဲ့ရဲ့ အစီရင်ခံစာပါအချက် အလက်တွေနဲ့ စပ်လျဉ်းပြီး မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ ဒီကနေ့ မွန်းလွဲပိုင်းက လေကြောင်း ခရီးနဲ့ ရခိုင်ပြည်နယ်စစ်တွေမြို့ကို ရာက်ရှိခဲ့ကြတာပါ။

ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ကော်မရှင်အဖွဲ့ ၀င်တွေနဲ့အတူ ရဟတ်ယာဉ်နဲ့ကျီးကန်းပြင်ကို ရောက်ရှိပြီး အဲဒီကတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အကျဉ်းဦးစီးဌာန ဘူးသီးတောင် အကျဉ်းထောင်ကို သွားရောက်ပြီး အကျဉ်းသားတွေအပေါ် ပြုမူဆက်ဆံမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ အခြေခံစည်းမျဉ်းတွေနဲ့ ညီညွတ်စွာ ဆောင်ရွက်စွာထားတာရှိ၊ မရှိ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးကြပါတယ်။

ဒါ့အပြင် တရားခံတွေကို ဥပဒေနဲ့ အညီ အမြန်ဆုံးတရားစီရင်နိုင်ရေးဖို့အတွက် ထပ်မံတိုးချဲ့ဆောင်ရွက်မယ့် တရားခွင် အဆောက်အဦ နေရာတွေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)