ကင်ဂျုံအန်ရဲ့ အစ်ကို အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာအမျိုးသမီးတစ်ဦးကို မလေးရှား ဖမ်းဆီးထား

0
392

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဖအေတူ မအေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုမှာ ပါဝင်တယ်လို့ သံသယရှိတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

အဲဒီမြန်မာအမျိုးသမီးဟာ အသက် ၂၈ အရွယ် ရှိပြီး ဗီယက်နမ်နိုင်ငံက နမ်ဒင်မြို့မှာ မွေးဖွားခဲ့သူလို့ မလေးရှား တော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

အဲဒီအမျိုးသမီးကို ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်က အဝင်အထွက်ပေါက် တစ်ခုမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဗီယက်နမ် ခရီးသွားအထောက်အထားစာရွက်စာတမ်းတွေ ကိုင်ဆောင်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၄၆ နှစ်အရွယ် ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက လေဆိပ်မှာ လုပ်ကြံခံခဲ့ရတာ ဖြစ်ပြီး လေဆိပ်ဆေးရုံကို ပို့ခဲ့ပေမဲ့ လမ်းမှာတင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား မီဒီယာတွေကတော့ ကင်ဂျုံနမ်ကို လုပ်ကြံတာဟာ အမျိုးသမီးနှစ်ဦးဖြစ်ပြီး မြောက်ကိုရီးယားအေးဂျင့်တွေလို့ ယူဆရတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)