မောင်တော အမှတ်(၁) ၀င်/ထွက် စခန်း (POE) ပြန်လည် ဖွင့်လှစ်

0
285

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ မောင်တော အမှတ်(၁) ၀င်/ထွက် စခန်း (POE ) ကိုဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီစခန်းဟာ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက် ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးနောက် အမှတ်(၁) ဝင်/ထွက် စခန်း (POE) မှ ဝင်ထွက်မှုတွေကို ခေတ္တရပ်ဆိုင်းခဲ့ရတာပါ။ ယခုလက်ရှိအခြေအနေမှာတော့ နယ်မြေတည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိလာ တာကြောင့် နှစ်နိုင်ငံနယ်ခြား စာချုပ်ပါ အချက်တွေအရ ဥပဒေလုပ်ထုံးလုပ် နည်းတွေနဲ့အညီ မောင်တောမြို့ အမှတ်(၁) ဝင်/ ထွက် စခန်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ညှိနှိုင်းဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)