ဗန်းမော်မြို့ ရွှေကျီးနားရပ်ကွက်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀ ပြား ဖမ်းဆီးရမိ

0
314

ကချင်ပြည်နယ် ဗန်းမော်မြို့ ရွှေကျီးနားရပ်ကွက်မှာ နေအိမ်နောက်ဖေး တဲတိုင်မှာ အမျိုးသမီး ဝတ်အင်္ကျီအတွင်းထည့်ထားတဲ့ စိတ်ကြွ
ရူးသွပ်ဆေးပြား(၂၄ဝ)ပြား ဖမ်းဆီးရမိခဲ့ပါတယ်။

ဗန်းမော်ခရိုင် မှုခင်းအကူဌာနမှ ရဲအုပ်မြင့်ထူး ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ရွှေကျီးနားရပ်ကွက် ရာအိမ်မှူး ဦးမြင့်ကြိုင်တို့ ပူးပေါင်းအဖွဲ့ဟာ ဖေဖော်ဝါရီ ၁၄ ရက်မနက် ၁ဝနာရီခွဲခန့်က မူးယစ်ဆေးဝါး သတင်းအရ ရွှေကျီးနားရပ်ကွက်နေ မောင်ရီအောင်ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ အခုလိုတွေ့ရှိခဲ့တာပါ။

အဲဒီမူးယစ်ဆေးဝါးတွေကို နေအိမ်အိပ်ခန်းကုတင်ပေါ်မှာ ချိတ်ထားတဲ့ အမျိုးသမီးဝတ် အနွေးထည်အင်္ကျီ အိတ်ကပ်အတွင်းမှ ပလပ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၂၄ဝ)ပြား၊ အလေးချိန်(၂၄) ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေ့ရှိမှုနဲ့ ပတ်သက်ပြီး မောင်ရီအောင်(၂၂)နှစ်၊ (ဘ)ဦးစိုင်း အိုက်ကျား၊ တောင်သူ၊ ရွှေကျီးနားရပ်ကွက်၊ဗန်းမော်မြို့နေသုကို ဗန်းမော်မြို့ မရဲစခန်းက ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)