မြန်မာ့လယ်ယာတွေပေါ် တရုတ်လယ်သမားတွေ ဝင်စိုက်ရင် အရေးယူသွားမယ်

0
303

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကချင်ပြည်နယ်ထဲက မံစီမြို့နယ်၊ မန်ဝိန်းကြီးဒေသမှာ တရုတ်လယ်သမားတွေ ဝင်ရောက်ပြီး လယ်ယာစိုက်ပျိုးတာ စိစစ်တွေ့ရှိရင် အရေးယူသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မံစမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးချင်းဖေလီက အဲဒီဒေသမှာ တရုတ်လယ်သမားတွေ ဝင်ရောက်ပြီး စိုက်ပျိုးနေတဲ့အပေါ် တားမြစ်သွားဖို့ အစီအစဉ်ရှိမရှိ မေးခွန်းကို အဲဒီလို ဖြေကြားခဲ့တာပါ။

တရုတ်-မြန်မာ နယ်စပ်နယ်ခြားမျဉ်းဟာ မန်ဝိန်းကြီးဒေသ၊ ပန်ခမ်းကျေးရွာထဲက နမ့်ဝမ်ချောင်းအလယ်မှာ တည်ရှိပြီး နယ်ခြားနယ်နိမိတ်မှတ်တိုင် (၅၃/၂)အနီးမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံက လယ်ယာမြေတွေမှ မြန်မာတောင်သူတွေကို ကြိုတင်ငွေ အရင်းအနှီးစိုက်ထုတ်ပေးပြီး သီးနှံပေါ်ချိန်မှာ ကာလပေါက်ဈေးနဲ့ ငွေအရင်းအနှီးထုတ်ပေးသူကို ပြန်ရောင်းချကာ ငွေဆပ်တဲ့စနစ်နဲ့ အလုပ်လုပ်ကိုင်နေကြတာပါ။

ဒါပေမဲ့ အဲဒီလက်ယာမြေတွေပေါ်မှာ တရုတ်ဘက်က လယ်သမားတွေက ဝင်ရောက်ပြီး စိုက်ပျိုးတာတွေ လာလုပ်နေမယ်ဆိုရင်တော့ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ပြဋ္ဌာန်းချက်တွေ၊ ဥပဒေတွေနဲ့အညီ အရေးယူသွားမှာ ဖြစ်တယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)