အဖမ်းခံနေရတဲ့ ရဲဘော်မင်းဌေးကို ဖေဖော်ဝါရီ(၁၆)ရက်နေ့မှာ (၄)ကြိမ်မြောက် ရုံးထုတ် စစ်ဆေးမယ်

0
310

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ် တရားရုံးမှာ လေးကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ရဲဘော်မင်းဌေးကို အရင်ရုံးထုတ်တွေမှာ စစ်ဆေးခဲ့ပေမယ့် ထူးခြားတဲ့ထွက်ဆိုချက်တွေ မရှိသေးဘူးလို့လည်း ABSDF အဖွဲ့က ကော်မတီဝင် ဆလိုင်းယောအောင်က ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့အနေနဲ့ အဖမ်းခံနေရတဲ့ ရဲဘော်မင်းဌေးကိစ္စနဲ့ ပက်သက်ပြီး တရားဥပဒေ ဘောင်အတွင်းကနေ ကြိုးပမ်းဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။

ရဲဘော်မင်းဌေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ(၂၈) ရက်နေ့က ကချင်ပြည်နယ် မိုးမောက်-လွယ်ကျင် စစ်ဆေးရေးဂိတ်မှာ KIO နဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီး ကချင်ပြည်နယ် စ-က-ခ (၂၁) တပ်ရင်းက ဗိုလ်မှုးကြီးသက်ဝေမင်းက မိုးမောက်မြို့မရဲစခန်းမှာ ၁၇/၁ နဲ့ တရားလိုအဖြစ် အမှုဖွင့်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)