မြန်မာနိုင်ငံဆိုင်ရာ OIC အထူးသံတမန် ရာထူးကနေ အနားယူ

0
280

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တန်ဆရီဆေယက်ဒ်ဟာမစ်အယ်လ်ဘာဟာ သူ့သက်တမ်းကုန်ဆုံးပြီးနောက်မှာ သက်တမ်းသစ် ဆက်လက် မထမ်းဆောင်တော့ဘူးလို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

OIC အဖွဲ့က သူ့ကို နောက်ထပ်သုံးလ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဆောင်ရွက်ဖို့ အလုပ်ကမ်းလှမ်းခဲ့ပေမဲ့လည်းက စာချုပ်သစ်ထပ်မချုပ်ဆိုဖို့ ငြင်းပယ်ခဲ့တာပါ။ သုံးလဆိုတဲ့ ကာလဟာ သူ့တာဝန်တွေအတွက် အရမ်းကို နည်းလွန်းတာကြောင့်လို့လည်း သူက ဆိုပါတယ်။

ဆေယက်ဒ်ဟာမစ်ဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း မလေးရှားနိုင်ငံက HUMANiTi Malaysia အင်န်ဂျီအိုအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ OIC အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ရာထူးကတော့ ၂၀၁၆ ဒီဇင်ဘာလကတည်းက သက်တမ်းကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)ဟာ ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါမြို့အခြေစိုက်အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၅၉ နိုင်ငံ ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)