တရားဝင် စာရွက်စာတမ်း တင်ပြနိုင်မှု မရှိတဲ့ သစ်တွေ သိမ်းဆည်းရမိ

0
351

တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်မှုမရှိတဲ့ သစ်တွေ ရေပူစစ်ဆေးရေးစခန်းမှာ ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီသစ်တွေကို ဖေဖော်ဝါရီ ၉ ရက်က ရေပူစစ်ဆေးရေးစခန်းမှာ အခုလိုသိမ်းဆည်းရမိခဲ့တာပါ။ လားရှိုးမြို့မှ မူဆယ်မြို့ကို ဝင်ရောက်လာတဲ့ ISUZU Canter ခြောက်စီးနဲ့ FUSO ၁၂ ဘီးယာဉ်တို့ကို ရေပူစစ်ဆေးရေးစခန်းက တားဆီးရှာဖွေခဲ့ရာ တရားမဝင် တမလန်းဓားရွေတုံး ၃၅ တုံး၊ ၁ ဒသမ ၂၇၈ဝ တန်၊ ခန့်မှန်း တန်ဖိုး ကျပ် ၃ ဒသမ ၈၃၄ သန်းခန့်နဲ့ ပိတောက် ၇၂ တုံး၊ ၁၃ ဒသမ ၆၇ဝ တန်၊ ခန့်မှန်းတန်ဖိုး ကျပ် ၃၇ ဒသမ ၂၇၉ သန်းခန့် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၄၁ ဒသမ ၁၁၃ သန်းခန့်ကို သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

ဒ့ါအပြင် ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်အတွင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းတွေနဲ့ အကောက်ခွန်နယ်မြေ တွေမှာ တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်မှုမရှိဘဲ တင်ပို့/တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးရှာဖွေ အရေး ယူလျက်ရှိရာ ရန်ကုန်ဆိပ်ကမ်းမှာ တားဆီးမှု တစ်မှု၊ ခန့်မှန်းတန်ဖိုး ၄ဝ၆ ဒသမ ၅ဝ သန်း၊ မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီး ဌာနရုံးက တားဆီးမှု လေးမှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၂၄ ဒသမ ၁၂ သန်းခန့်၊ ရေပူစစ်ဆေးရေးစခန်းက တားဆီးမှု နှစ်မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၄၁ ဒသမ ၁၁၃ သန်းခန့် စုစုပေါင်း ခုနစ်မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၄၇၁ ဒသမ ၇၃၃ သန်းခန့် ဖမ်းဆီးရမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)