ထိုင်းလုပ်ငန်းရှင်က မြန်မာအလုပ်သမား ၁၄ ဦးရဲ့ လုပ်ခလစာမပေးလို့ တိုင်တန်း တောင်းယူခဲ့ရ

0
261

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ ပထုန်ဌာနီမြို့နယ် STEEL CASE ကုမ္ပဏီလီမိတက် အလူမီနီယံအလုပ်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ် သမား (၁၄)ဦးရဲ့ လုပ်ခလစာငွေကို ထိုင်းနိုင်ငံသား လုပ်ငန်းရှင်က မပေးချေတာကြောင့် ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနကို ဖေဖော် ၀ါရီလ (၁၄)ရက်နေ့က တိုင်တန်းတောင်းခဲ့ရတယ်လို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ AAC (မဟာမိတ်)အဖွဲ့က ပြောပါတယ်။

အခုလို တိုင်တန်းခဲ့တာကြောင့် ထိုင်းလုပ်ငန်းရှင်ဘက်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ပေးချေရမယ့် ထိုင်းဘတ်ငွေ (၂၂၆,၀၀၀) ကို ပေးချေခဲ့တယ်လို့ AAC(မဟာမိတ်) အဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)