မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားတွေအတွက် ကူညီစောင့်ရှောက်ရေး ကော်မတီရုံးသစ် ဖွင့်လှစ်

0
273

မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားတွေအတွက် ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီရုံးသစ် ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီဖွင့်ပွဲကို တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားမှာ ပြုလုပ်ခဲ့ကြတာပါ။ အဲဒီရုံးခန်းသစ်ဟာ မြန်မာ-ထိုင်း နယ်စပ်မှာ ထိုင်းနိုင်ငံ သားတွေနဲ့ မြန်မာနိုင်ငံသားတွေအကြား အခိုက်အတန့်ဖြစ်ပွားတဲ့ အခက်အခဲတွေကို အောက်ခြေအဆင့် ညှိနှိုင်းဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသား တွေကို ကူညီစောင့်ရှောက်ရေးနဲ့ စေ့စပ်ညှိနှိုင်း ရေးကော်မတီ (Caring and Negotiat ing Committee for Myanmar Citizens In Maesai, Thailand – CNCMC)ကို ၂ဝ၁၃ ခုနှစ် သြဂုတ် ၂၈ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား တွေကို သူဌေးက လစာငွေမထုတ်ပေးတဲ့ကိစ္စ၊ မြန်မာနိုင်ငံဘက်မှ သွားရောက်လည်ပတ်သူတွေကို သုံးစွဲငွေကန့်သတ်ပြီး ထိုင်းရဲအချို့က အကြောင်း အမျိုးမျိုးနဲ့ ငွေညှစ်တဲ့ကိစ္စ စတဲ့ ပြဿနာတွေကို ဥပဒေဘောင်အတွင်းမှ ဖြေရှင်းပေးမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)