လူ့အခွင့်အရေး ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်း

0
27

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမိန့်စာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို အသစ်ပြန် လည်ဖွဲ့စည်းလို်က်တဲ့ လူ့အခွင့်အရေး ကော်မရှင်မှာ အငြိမ်းစား အရာရှိဟောင်းတွေနဲ့ ပြန်လည်ဖွဲ့စည်းခဲ့တဲ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေ မပါဝင်တာကြောင့် အရပ်ဘက် အဖွဲ့အစည်းတွေက အားမရ ဖြစ်နေကြပါတယ်။

လူ့အခွင့်အရေး ကေ်ာမရှင်အစဉ်အဆက်မှာ ကော်မရှင်ဝင်တွေဟာ အလွှာအသီးသီးဖြစ်ဖို့ လိုအပ်ကြောင်းနဲ့၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တတ်သိနားလည်ပြီး လူ့အခွင့်အရေး ရပ်တည်လိုတဲ့သူတွေ ဖြစ်ရမယ်ဆိုတာကို အစဉ်အဆက် တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ စံချိန်စံညွှန်းမှာလဲ အဲဒီလိုဖော်ပြထားကြောင်း၊ ဒါပေမယ့် အခုဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေး ကော်မရှင် ၁၁ ဦးမှာ အမျိုးသမီး ၄ ဦး အထိပါလာတာ တွေ့ရကြောင်းနဲ့ တိုင်းရင်းသားနောက်ခံ တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်း၊ အလွှာစုံမှု အပိုင်းမှာ အားနည်းနေကြောင်း Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတရိ။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် မြန်မာကိုယ်စားလှယ် အာဆီယံ အစိုးရအချင်းချင်း လူ့အခွင့်အရေးကော်မရှင် ဦးလှမြင့်၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (အငြိမ်းစား) ဒေါက်တာ နန္ဒာမွှန်း၊ အဖွဲ့ဝင်အဖြစ် သံအမတ်ကြီး (အငြိမ်းစား) ဦးပေါ်လွင်စိန် စတဲ့ အဖွဲ့ဝင် ၁၁ ဦးနဲ့ အသစ် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မှနမြာနိုငငြံ အမွိုးသားလူ့အခှင့အြရေး ကောမြရှငကြို သမျမတ ဦးသိနြးစိနြ အစိုးရလကထြကမြှာ စတငြ ဖှဲ့စညြးခဲ့တာ ဖှဈပှီး ပှီးခဲ့တဲ့နှဈမှာ သကတြမြးကုနဆြုံးခဲ့ပှီ ဖှဈတာကှောင့ြ အခု အဟောငြးကို ဖကွသြိမြးပှီး အသဈပှနလြညဖြှဲ့စညြးခဲ့တာ ဖှဈပါတယြ။


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမိန့်စာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို အသစ်ပြန် လည်ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေး ကော်မရှင်မှာ အငြိမ်းစား အရာရှိဟောင်းတွေနဲ့ ပြန်လည်ဖွဲ့စည်းခဲ့တဲ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေ မပါဝင်တာကြောင့် အရပ်ဘက် အဖွဲ့အစည်းတွေက အားမရ ဖြစ်နေကြပါတယ်။

လူ့အခွင့်အရေး ကေ်ာမရှင်အစဉ်အဆက်မှာ ကော်မရှင်ဝင်တွေဟာ အလွှာအသီးသီးဖြစ်ဖို့ လိုအပ်ကြောင်းနဲ့၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တတ်သိနားလည်ပြီး လူ့အခွင့်အရေး ရပ်တည်လိုတဲ့သူတွေ ဖြစ်ရမယ်ဆိုတာကို အစဉ်အဆက် တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းမှာလဲ အဲဒီလိုဖော်ပြထားကြောင်း၊ ဒါပေမယ့် အခုဖွဲ့စည်းလိုက်တဲ့  လူ့အခွင့်အရေး ကော်မရှင် ၁၁ ဦးမှာ အမျိုးသမီး ၄ ဦး အထိပါလာတာ တွေ့ရကြောင်းနဲ့ တိုင်းရင်းသားနောက်ခံ တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်း၊ အလွှာစုံမှု အပိုင်းမှာ အားနည်းနေကြောင်း Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတရိ။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် မြန်မာကိုယ်စားလှယ် အာဆီယံ အစိုးရအချင်းချင်း လူ့အခွင့်အရေးကော်မရှင် ဦးလှမြင့်၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (အငြိမ်းစား) ဒေါက်တာ နန္ဒာမွှန်း၊ အဖွဲ့ဝင်အဖြစ် သံအမတ်ကြီး (အငြိမ်းစား) ဦးပေါ်လွင်စိန် စတဲ့ အဖွဲ့ဝင် ၁၁ ဦးနဲ့ အသစ် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်တာကြောင့် အခု အဟောင်းကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။