
0
2188



………………. ။ ။ ………………

ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၈ ခုနှစ်ထဲမှာ ကျင်းပမယ်

လစ်လပ်နေတဲ့ နေရာ ၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်အတွင်း ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ရခိုင်ပြည်နယ်က ဦးခင်မောင်လတ်ရဲ့ အမေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဖြေကြားခဲ့တာ ဖြစ်ပြီး ရက်အတိအကျတော့ ပြောဆိုခြင်း မရှိပါဘူး။

လစ်လပ်တဲ့ နေရာတွေကတော့ သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)၊ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၊ တမူးမဲဆန္ဒနယ် အမှတ် (၂)၊ မင်းဘူး မဲဆန္ဒနယ် အမှတ် (၂)၊ ကန်ပက်လက် မဲဆန္ဒနယ်နဲ့ လဲချား မဲဆန္ဒနယ်တို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)