မႏၱေလး ပိုင္အိုးနီးယားကလပ္ မီးေလာင္

0
2149

မႏၱေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ပိုင္အိုးနီးယား ေကတီဗီ အေဆာက္အဦးအတြင္း ဒီေန႔ဇန္နဝါရီ ၁၅ ရက္ေန႔ မနက္ပိုင္း ၉ နာရီ ၄၀ မိနစ္မွာ မီးေလာင္ခဲ့ပါတယ္။

အေဆာက္အဦး ျပင္ဆင္ေနတဲ့ အခန္းအတြင္း ဝရိန္ေဆာ္တဲ့ မီးပြားက်ရာကေန အနီးရွိ ေဖာ့နဲ႔ အထပ္သားေတြကို မီးေလာင္ကြ်မ္းခဲ့တာ ျဖစ္ပါတယ္။ မီးသတ္ယာဥ္ အစီး ၃၀၊ မီးသတ္သမား ၁၃၀ ေက်ာ္နဲ႔ ရပ္ကြက္ေနျပည္သူေတြ ဝိုင္းဝန္း ၿငိမ္းသတ္ခဲ့ပါတယ္။

မနက္ ၁၀ နာရီ ၁၀ မိနစ္မွာ မီးၿငိမ္းတယ္လို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။ ဆံုး႐ံႈးမႈ ဘယ္ေလာက္ရွိတယ္ဆိုတာကိုေတာ့ သတင္းထုတ္ျပန္ျခင္း မရွိေသးပါဘူး။
……………….. ။ ။ ……………….

မန္တလေး ပိုင်အိုးနီးယားကလပ် မီးလောင်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ပိုင်အိုးနီးယား ကေတီဗီ အဆောက်အဦးအတွင်း ဒီနေ့ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီ ၄၀ မိနစ်မှာ မီးလောင်ခဲ့ပါတယ်။

အဆောက်အဦး ပြင်ဆင်နေတဲ့ အခန်းအတွင်း ဝရိန်ဆော်တဲ့ မီးပွားကျရာကနေ အနီးရှိ ဖော့နဲ့ အထပ်သားတွေကို မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ မီးသတ်ယာဉ် အစီး ၃၀၊ မီးသတ်သမား ၁၃၀ ကျော်နဲ့ ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ပါတယ်။

မနက် ၁၀ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဆုံးရှုံးမှု ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)