ေမာင္ေတာေတာင္ပိုင္းမွာ ဘဂၤါလီေတြ ေနရာခ်ေပးမယ့္ကိစၥ ရခိုင္အမ်ိဳးသားပါတီ ကန္႔ကြက္

0
2123

တစ္ဖက္ႏိုင္ငံကို ထြက္ေျပးတိမ္းေရွာင္သြားတဲ့ ဘဂၤါလီ မြတ္စလင္ေတြကို ေမာင္ေတာၿမိဳ႕နယ္ ေတာင္ပိုင္း ပင္လယ္ကမ္းေျခေဒသမွာ ေနရာခ်ထားမယ့္ ကိစၥကို ရခိုင္အမ်ိဳးသားပါတီ (ANP) က ျပင္းျပင္းထန္ထန္ ကန္႔ကြက္လိုက္ပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ ေတာင္ပိုင္း ပင္လယ္ကမ္းေျခ ေဒသဟာ အၾကမ္းဖက္သမားေတြ အလြယ္တကူ ဝင္ေရာက္ႏိုင္ၿပီး အၾကမ္းဖက္မႈ က်ဴးလြန္ၿပီးေနာက္ အလြယ္တကူ ထြက္ေျပးတိမ္းေရွာင္ႏိုင္တဲ့ ေနရာေတြ ျဖစ္တဲ့အတြက္ လံုၿခံဳေရးကို အဓိက ထားရမွာ ျဖစ္လို႔ အဲဒီေဒသမွာ ျပန္လည္ ေနရာခ်ထားေရးကို ANP က ကန္႔ကြက္တာ ျဖစ္ပါတယ္။

အၾကမ္းဖက္သမားေတြက အလြယ္တကူ အႏၱရာယ္ မျပဳႏိုင္တဲ့ ေနရာေတြမွာ ေနရာခ်ထားေပးဖို႔ ANP က တိုက္တြန္းထားပါတယ္။ ဒါ့အျပင္ အၾကမ္းဖက္မႈမွာ ပါဝင္ပတ္သက္ေနတဲ့ အၾကမ္းဖက္သမား ၄ ေထာင္ေက်ာ္ကို ဘဂၤလားေဒ့ရွ္ အစိုးရက ဖမ္းဆီးၿပီး ျမန္မာႏိုင္ငံကို လႊဲေျပာင္းေပးဖို႔ လိုတယ္လို႔လဲ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ သေဘာတူညီခ်က္အရ ေဘဂၤလားေဒ့ရွ္ဘက္က ဒုကၡသည္ေတြကို ဇန္နဝါရီ ၂၃ ရက္ေန႔မွာ စတင္လက္ခံမွာ ျဖစ္ပါတယ္။
………………… ။ ။ ………………..

မောင်တောတောင်ပိုင်းမှာ ဘင်္ဂါလီတွေ နေရာချပေးမယ့်ကိစ္စ ရခိုင်အမျိုးသားပါတီ ကန့်ကွက်

တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဘင်္ဂါလီ မွတ်စလင်တွေကို မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ကမ်းခြေဒေသမှာ နေရာချထားမယ့် ကိစ္စကို ရခိုင်အမျိုးသားပါတီ (ANP) က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ကမ်းခြေ ဒေသဟာ အကြမ်းဖက်သမားတွေ အလွယ်တကူ ဝင်ရောက်နိုင်ပြီး အကြမ်းဖက်မှု ကျူးလွန်ပြီးနောက် အလွယ်တကူ ထွက်ပြေးတိမ်းရှောင်နိုင်တဲ့ နေရာတွေ ဖြစ်တဲ့အတွက် လုံခြုံရေးကို အဓိက ထားရမှာ ဖြစ်လို့ အဲဒီဒေသမှာ ပြန်လည် နေရာချထားရေးကို ANP က ကန့်ကွက်တာ ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေက အလွယ်တကူ အန္တရာယ် မပြုနိုင်တဲ့ နေရာတွေမှာ နေရာချထားပေးဖို့ ANP က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ အကြမ်းဖက်သမား ၄ ထောင်ကျော်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံကို လွှဲပြောင်းပေးဖို့ လိုတယ်လို့လဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်အရ ဘေင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ စတင်လက်ခံမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)