
0
2030



………………. ။ ။ ……………..

အိန္ဒိယ ကမ်းခြေစောင့် စစ်ရေယာဉ် နှစ်စီး သီလဝါဆိပ်ကမ်းကို ရောက်ရှိ

အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့က စစ်ရေယာဉ် နှစ်စီးဟာ ချစ်ကြည်ရေးခရီးအဖြစ် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို မနေ့က ဇန်နဝါရီ ၁၄ မှာ ရောက်ရှိလာပါတယ်။

ကမ်းခြေစောင့်စစ် ရေယာဉ် ICGS ရှာအူနက်ခ်နဲ့ ICGS ရာဂျာရှရီ တို့နဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ဆာရှီကူးမား ဦးစီးပြီး အရာရှိ ၃၃ ဦး၊ အခြား အဆင့် ၁၃၄ ဦး လိုက်ပါလာပါတယ်။ သန်လျင်တပ်နယ်က ဗိုလ်မှူးကြီး ဇော်ဇော်လတ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ စစ်သံမှူး ဗိုလ်ကြီး မန်းမိ ဆင်းဂါ ခူရာနာတို့က ကြိုဆိုကြပါတယ်။

စစ်သင်္ဘောက အိန္ဒိယ ကမ်းခြေစောင့်တပ်အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံမှာ ၅ ရက်ကြာ လေ့လာလည်ပတ်ကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)