လြိဳင္ေကာ္မွာ ထိုင္း-ျမန္မာ ကုန္စည္ျပပြဲ က်င္းပ

0
2044

ကားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕မွာ ထိုင္းႏိုင္ငံ၊ မယ္ေဟာင္ေဆာင္ ခ႐ိုင္နဲ႔ ကယားျပည္တို႔ ပူးေပါင္းၿပီး One Tambon One Product (OTOP) ကုန္စည္ျပပြဲနဲ႔ ေစ်းေရာင္းပြဲေတာ္ ဖြင့္ပြဲကို မေန႔ ဇန္နဝါရီလ ၁၄ ရက္ေန႔က ပြဲေတာ္ကြင္းမွာ က်င္းပပါတယ္။

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ကိုယ္စား စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီး ဦးေမာ္ေမာ္၊ မယ္ေဟာင္ေဆာင္ ဒု ခ႐ိုင္ဝန္ မစၥတာ ဆခြန္ ရြန္႐ူယန္တို႔က အဖြင့္စကား ေျပာၾကားပါတယ္။ ကုန္စည္ျပပြဲမွာ တိုင္းရင္းသား႐ိုးရာ ယဥ္ေက်းမႈ အေကနဲ႔ ေဖ်ာ္ေျဖတာ၊ ၆၆ ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ အထိမ္းအမွတ္ျပခန္း ျပသမႈေတြလည္း ပါဝင္ပါတယ္။

OTOP ဆိုတာ ထိုင္းႏိုင္ငံမွာ ေဒသခံ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္ေတြကို အားေပးတဲ့ ေဒသတစ္ခု၊ ထြက္ကုန္တစ္မ်ိဳး ခင္းက်င္းေရာင္းခ်တဲ့ ကုန္စည္ျပပြဲနဲ႔ ေစ်းေရာင္းပြဲစနစ္ ျဖစ္ပါတယ္။
………………. ။ ။ ………………..

လွိုင်ကော်မှာ ထိုင်း-မြန်မာ ကုန်စည်ပြပွဲ ကျင်းပ

ကားပြည်နယ်၊ လွိုင်ကော်မြို့မှာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်နဲ့ ကယားပြည်တို့ ပူးပေါင်းပြီး One Tambon One Product (OTOP) ကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော် ဖွင့်ပွဲကို မနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ပွဲတော်ကွင်းမှာ ကျင်းပပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ် ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမော်မော်၊ မယ်ဟောင်ဆောင် ဒု ခရိုင်ဝန် မစ္စတာ ဆခွန် ရွန်ရူယန်တို့က အဖွင့်စကား ပြောကြားပါတယ်။ ကုန်စည်ပြပွဲမှာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကေနဲ့ ဖျော်ဖြေတာ၊ ၆၆ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်း ပြသမှုတွေလည်း ပါဝင်ပါတယ်။

OTOP ဆိုတာ ထိုင်းနိုင်ငံမှာ ဒေသခံ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို အားပေးတဲ့ ဒေသတစ်ခု၊ ထွက်ကုန်တစ်မျိုး ခင်းကျင်းရောင်းချတဲ့ ကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲစနစ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)