၁၄ ရက္အတြင္း ငလ်င္ ၁၉ ႀကိမ္ လႈပ္

0
2029

ျမန္မာႏိုင္ငံမွာ ဇန္နဝါရီလ ၁ ရက္ေန႔ကေန ၁၄ ရက္ေန႔အတြင္း ငလ်င္ စုစုေပါင္း ၁၉ ႀကိမ္ လႈပ္ခတ္ခဲ့တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာနက ေျပာပါတယ္။

ေနာက္ဆံုးလႈပ္ခဲ့တာက ဇန္နဝါရီလ ၁၄ ရက္ေန႔ မနက္ ၅ နာရီ ၅၉ မိနစ္မွာ ကမာၻေအး ေျမငလ်င္စခန္းကေန ေျမာက္ဘက္ ၁၀၅ မိုင္အကြာ၊ ျဖဴးၿမိဳ႕နယ္ အေနာက္ေတာင္ဘက္ ၂၅ မိုင္အကြာမွာ ျပင္းအား ရစ္ခ်္တာ စေကး ၄ ဒသမ ၅ အဆင့္ရွိ ေျမငလ်င္ ျဖစ္ပါတယ္။

အင္အားအျပင္းဆံုး ငလ်င္က ဇန္နဝါရီ ၁၂ ရက္ေန႔ မနက္ ၁ နာရီဝန္းက်င္က ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕ အေနာက္ဘက္ ၂၄ မိုင္အကြာ ပဲခူး႐ိုးမကို ဗဟိုျပဳလႈပ္ခတ္ခဲ့ၿပီး ျပင္းအား ပမာဏ ၆ ဒသမ ၀ ရွိပါတယ္။
……………….. ။ ။ …………………

၁၄ ရက်အတွင်း ငလျင် ၁၉ ကြိမ် လှုပ်

မြန်မာနိုင်ငံမှာ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း ငလျင် စုစုပေါင်း ၁၉ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

နောက်ဆုံးလှုပ်ခဲ့တာက ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၅ နာရီ ၅၉ မိနစ်မှာ ကမ္ဘာအေး မြေငလျင်စခန်းကနေ မြောက်ဘက် ၁၀၅ မိုင်အကွာ၊ ဖြူးမြို့နယ် အနောက်တောင်ဘက် ၂၅ မိုင်အကွာမှာ ပြင်းအား ရစ်ချ်တာ စကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင် ဖြစ်ပါတယ်။

အင်အားအပြင်းဆုံး ငလျင်က ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၁ နာရီဝန်းကျင်က ပဲခူးတိုင်း၊ ဖြူးမြို့ အနောက်ဘက် ၂၄ မိုင်အကွာ ပဲခူးရိုးမကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ပြင်းအား ပမာဏ ၆ ဒသမ ဝ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)