ေနာင္ခ်ိဳမွာ ရီမုမိုင္း ေပါက္ကြဲလို႔ ခရီးသည္ ၃ ဦး ဒဏ္ရာရ

0
2022

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ျပင္ဦးလြင္-မိုးကုတ္လမ္းမွာ လား႐ိႈး-မိုးမိတ္ ခရီသည္ပို႔ေဆာင္ေရးက ခရီးသည္ ၁၀ ဦး တင္ေဆာင္လာတဲ့ ယာဥ္ ရီမုမိုင္းနဲ႔ အခြဲခံရလို႔ ခရီးသည္ ၃ ဦး ဒဏ္ရာရသြားပါတယ္။

မေန႔က ဇန္နဝါရီလ ၁၄ ရက္ေန႔က ဒိုးပင္ေက်းရြာ အေနာက္ေျမာက္ဘက္ ၃ မိုင္အကြာမွာ ခာ႐ိႈးကေန မိုးမိတ္ကို ထြက္ခြာလာတဲ့ ခရီးသည္တင္ ယာဥ္ဟာ အၾကမ္းဖက္အဖြဲ႔ (စိစစ္ဆဲ) က ေထာင္ထားတဲ့ ရီမုမိုင္း ေပါက္ကြဲလို႔ ယာဥ္ ညာဘက္ျခမ္း ထိခိုက္ၿပီး မႏြယ္ႏြယ္ျမင့္၊ မဇင္မာႏြယ္နဲ႔ ေမာင္ရာဂ်ားတို႔ ဒဏ္ရာ ရရွိခဲ့ၾကပါတယ္။

အဲဒီေနရာနဲ႔ ပတ္ဝန္းက်င္ တစ္ဝိုက္ကို လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြက မိုင္းရွင္းလင္းေရး လုပ္ငန္းေတြ လုပ္ေဆာင္ေနပါတယ္။
…………………. ။ ။ …………………….

နောင်ချိုမှာ ရီမုမိုင်း ပေါက်ကွဲလို့ ခရီးသည် ၃ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြင်ဦးလွင်-မိုးကုတ်လမ်းမှာ လားရှိုး-မိုးမိတ် ခရီသည်ပို့ဆောင်ရေးက ခရီးသည် ၁၀ ဦး တင်ဆောင်လာတဲ့ ယာဉ် ရီမုမိုင်းနဲ့ အခွဲခံရလို့ ခရီးသည် ၃ ဦး ဒဏ်ရာရသွားပါတယ်။

မနေ့က ဇန်နဝါရီလ ၁၄ ရက်နေ့က ဒိုးပင်ကျေးရွာ အနောက်မြောက်ဘက် ၃ မိုင်အကွာမှာ ခာရှိုးကနေ မိုးမိတ်ကို ထွက်ခွာလာတဲ့ ခရီးသည်တင် ယာဉ်ဟာ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) က ထောင်ထားတဲ့ ရီမုမိုင်း ပေါက်ကွဲလို့ ယာဉ် ညာဘက်ခြမ်း ထိခိုက်ပြီး မနွယ်နွယ်မြင့်၊ မဇင်မာနွယ်နဲ့ မောင်ရာဂျားတို့ ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

အဲဒီနေရာနဲ့ ပတ်ဝန်းကျင် တစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)