အဘြားအိုကို သတ္ၿပီး ဆြဲႀကိဳး လုယက္သူ ဖမ္းဆီးရမိ

0
2115

ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္၊ ၄/ေျမာက္ရပ္ကြက္ရွိ တိုက္တစ္တိုက္ရဲ႕ ၃ လႊာမွာ ေနထိုင္သူ အသက္ ၇၇ ႏွစ္အရြယ္ ေဒၚသန္းသန္းကို သတ္ၿပီး ေရႊထည္ပစၥည္း လုယက္သူကို ၅ ရက္ အၾကာမွာ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ ေဒၚသန္းသန္းကို လည္ပင္းျပတ္ရွ ဒဏ္ရာ၊ ထိုးသြင္းဒဏ္ရာေတြနဲ႔ ေသဆံုးေနတာကို သားျဖစ္သူက ေတြ႔ရွိခဲ့တာ ျဖစ္ၿပီး ေရႊထည္ေတြ ေပ်ာက္ဆံုးေနလို႔ သာေကတၿမိဳ႕မ ရဲစခန္းကို တိုင္တန္းခဲ့ပါတယ္။

အခင္းျဖစ္ပြားရာမွာ က်န္ေနတဲ့ အက်ႌနဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးရာမွာ သာေကတၿမိဳ႕နယ္၊ အမွတ္ (၃) ေစ်းအနီး ဂိတ္ထိုးတဲ့ ဆိုက္ကားနင္းသူ သန္းထြန္းႏိုင္ (ခ) ေက်ာင္းသားရဲ႕ အက်ႌျဖစ္ၿပီး ေဒၚသန္းသန္းကို ေစ်းသြား၊ ေစ်းျပန္ ဆိုက္ကားနဲ႔ ပို႔ေလ့ရွိသူျဖစ္ေၾကာင္း၊ အခင္းျဖစ္တဲ့ ေန႔က အဲဒီအက်ႌကို ဝင္ထားခဲ့ေၾကာင္း CCTV ကေန စံုစမ္းေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ ေဒၚသန္းသန္း အိမ္ကို သြားခဲ့ၿပီး အိပ္ေပ်ာ္ေနတဲ့ ေဒၚသန္းသန္းကို သတ္ကာ ေရႊဆြဲႀကိဳးကို ယူခဲ့တာ ျဖစ္ပါတယ္။
…………………. ။ ။ ………………….

အဘွားအိုကို သတ်ပြီး ဆွဲကြိုး လုယက်သူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်ရှိ တိုက်တစ်တိုက်ရဲ့ ၃ လွှာမှာ နေထိုင်သူ အသက် ၇၇ နှစ်အရွယ် ဒေါ်သန်းသန်းကို သတ်ပြီး ရွှေထည်ပစ္စည်း လုယက်သူကို ၅ ရက် အကြာမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ဒေါ်သန်းသန်းကို လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို သားဖြစ်သူက တွေ့ရှိခဲ့တာ ဖြစ်ပြီး ရွှေထည်တွေ ပျောက်ဆုံးနေလို့ သာကေတမြို့မ ရဲစခန်းကို တိုင်တန်းခဲ့ပါတယ်။

အခင်းဖြစ်ပွားရာမှာ ကျန်နေတဲ့ အင်္ကျီနဲ့ ပတ်သက်ပြီး စုံစမ်းစ်စဆေးရာမှာ သာကေတမြို့နယ်၊ အမှတ် (၃) ဈေးအနီး ဂိတ်ထိုးတဲ့ ဆိုက်ကားနင်းသူ သန်းထွန်းနိုင် (ခ) ကျောင်းသားရဲ့ အင်္ကျီဖြစ်ပြီး ဒေါ်သန်းသန်းကို ဈေးသွား၊ ဈေးပြန် ဆိုက်ကားနဲ့ ပို့လေ့ရှိသူဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့ နေ့က အဲဒီအင်္ကျီကို ဝင်ထားခဲ့ကြောင်း CCTV ကနေ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒေါ်သန်းသန်း အိမ်ကို သွားခဲ့ပြီး အိပ်ပျော်နေတဲ့ ဒေါ်သန်းသန်းကို သတ်ကာ ရွှေဆွဲကြိုးကို ယူခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)