
0
2104



………………… ။ ။ …………………

ဧရာဝတီတိုင်း ဝန်ကြီးချုပ်လောင်း စာရင်း ကြေညာမယ့် လွှတ်တော် အစည်းအဝေး ရက်ရွှေ့ဆိုင်း

ဧရာဝတီတိုင်း ဝန်ကြီးချုပ် လျာထား အမည်စာရင်းကို ကြေညာမယ့် လွှတ်တော် အရေးပေါ် အစည်းအဝေးကို ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

တိုင်းဝန်ကြီးချုပ်လောင်း လျာထားအမည်စာရင်းကို ကြေညာဖို့ ဒီနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ လွှတ်တော် အရေးပေါ် အစည်းအဝေး ကျင်းပဖို့ စီစဉ်ထားပေမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့ကို ပြောင်းလဲကျင်းပမယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အရေးပေါ်ဆက်စပ်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကျန်ရှိနေတာကြောင့် လွှတ်တော်အရေးပေါ်အစည်းအဝေး ရက်ရွှေ့ဆိုင်းတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဒုတိယလွှတ်တော် ဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)