အင္းဝ အပ္ခ်ဳပ္ဆိုင္ပိုင္ရွင္ ေဒၚတင္သူဇာ ဆီးခ်ိဳေရာဂါနဲ႔ ေထာင္ထဲမွာ ကြယ္လြန္

0
2096

ေထာင္ဒဏ္ ၁၆ ႏွစ္နဲ႔ ၁ လ ျပစ္ဒဏ္ခ်မွတ္ခံထားရတဲ့ အင္းဝ အပ္ခ်ဳပ္ဆိုင္ပိုင္ရွင္ ေဒၚတင္သူဇာဟာ မေန႔က ဇန္နဝါရီလ ၁၄ ရက္ မနက္ပိုင္း ေထာင္ထဲမွာ ဆီးခ်ိဳေရာဂါနဲ႔ ကြယ္လြန္သြားပါတယ္။

ေက်ာက္တံတားၿမိဳ႕နယ္ လမ္း ၄၀ ရွိ အင္းဝအပ္ခ်ဳပ္ဆိုင္မွာ ဆယ္ေက်ာ္သက္ အိမ္အကူ မစန္းေကခိုင္ (၁၇ ႏွစ္) နဲ႔ မသဇင္ (၁၆ ႏွစ္) တို႔ကို လက္ေခ်ာင္း ၁၀ ေခ်ာင္းစလံုး အခ်ိဳးခံရတဲ့ ဒဏ္ရာ၊ လက္ေမာင္႐ိုးက်ိဳးဒဏ္၊ လည္ပင္းမွာ ကတ္ေၾကးနဲ႔ ထိုးတဲ့ဒဏ္ရာ၊ မီး႐ိႈ႕ဒဏ္ရာ၊ ဓားနဲ႔ ခုတ္တဲ့ ဒဏ္ရာေတြ ရေအာင္ ႏွိပ္စက္ခဲ့တဲ့အတြက္ အင္းဝ အပ္ခ်ဳပ္ဆိုင္ မိသားစုကို ဖမ္းဆီးစစ္ေဆးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၅ ရက္ေန႔မွာ ေဒၚတင္သူဇာနဲ႔ စုမြန္လတ္တို႔ကို ၁၆ ႏွစ္နဲ႔ ၁ လစီ၊ ရာဇာထြန္းကို ၁၃ ႏွစ္နဲ႔ ၁ လ၊ တင္မင္းလတ္ကို ၉ ႏွစ္နဲ႔ ၁ လ ေထာင္ဒဏ္ခ်မွတ္ခဲ့ၿပီး သိရီလတ္နဲ႔ ဦးကိုလတ္တို႔ကို လႊတ္ေပးခဲ့ပါတယ္။ ေထာင္ဒဏ္ခ်မွတ္ခံရၿပီး ၁ လအၾကာမွာ ေဒၚတင္သူဇာ ဆီးခ်ိဳေရာဂါနဲ႔ ဆံုးခဲ့တာ ျဖစ္ပါတယ္။
……………….. ။ ။ ……………….

အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ ဆီးချိုရောဂါနဲ့ ထောင်ထဲမှာ ကွယ်လွန်

ထောင်ဒဏ် ၁၆ နှစ်နဲ့ ၁ လ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာဟာ မနေ့က ဇန်နဝါရီလ ၁၄ ရက် မနက်ပိုင်း ထောင်ထဲမှာ ဆီးချိုရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်မှာ ဆယ်ကျော်သက် အိမ်အကူ မစန်းကေခိုင် (၁၇ နှစ်) နဲ့ မသဇင် (၁၆ နှစ်) တို့ကို လက်ချောင်း ၁၀ ချောင်းစလုံး အချိုးခံရတဲ့ ဒဏ်ရာ၊ လက်မောင်ရိုးကျိုးဒဏ်၊ လည်ပင်းမှာ ကတ်ကြေးနဲ့ ထိုးတဲ့ဒဏ်ရာ၊ မီးရှို့ဒဏ်ရာ၊ ဓားနဲ့ ခုတ်တဲ့ ဒဏ်ရာတွေ ရအောင် နှိပ်စက်ခဲ့တဲ့အတွက် အင်းဝ အပ်ချုပ်ဆိုင် မိသားစုကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဒေါ်တင်သူဇာနဲ့ စုမွန်လတ်တို့ကို ၁၆ နှစ်နဲ့ ၁ လစီ၊ ရာဇာထွန်းကို ၁၃ နှစ်နဲ့ ၁ လ၊ တင်မင်းလတ်ကို ၉ နှစ်နဲ့ ၁ လ ထောင်ဒဏ်ချမှတ်ခဲ့ပြီး သိရီလတ်နဲ့ ဦးကိုလတ်တို့ကို လွှတ်ပေးခဲ့ပါတယ်။ ထောင်ဒဏ်ချမှတ်ခံရပြီး ၁ လအကြာမှာ ဒေါ်တင်သူဇာ ဆီးချိုရောဂါနဲ့ ဆုံးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)