တပ်မတော်အတွင်း မြန်မာ့သိုင်းပညာ တိုးပွားလာအောင် ကြိုးစားသင့်တယ်လို့ ကာချုပ် ပြောကြား

0
341

မြန်မာ့သိုင်းပညာရပ်ဟာ အခြားသူတစ်ဦး ရန်ပြုမှုမှ ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ ကာကွယ်နိုင်တဲ့ ကိုယ်လုံပညာရပ်တစ်ခုလည်း ဖြစ်တာကြောင့် ကိုယ်တိုင်ဆက်လက် လေ့ကျင့်လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကပြောပါတယ်။

15497713_1030432560417091_171087932_n

ဒီဇင်ဘာလ ၁၃ ရက်နေ့ မြန်မာ့သိုင်းသရုပ်ပြသမှု ကြည့်ရှုစဉ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် ကိုယ့်ရဲ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကိုလည်း လက်ဆင့်ကမ်းပေးရမှာဖြစ်ပြီး ကိုယ်တာဝန်ထမ်းဆောင်ရမယ့် တပ်အတွင်းမှာလည်း လက်ဆင့်ကမ်းသင်ကြားပေးခြင်းနဲ့ တပ်မတော်အတွင်း မြန်မာ့သိုင်း ပညာတတ်ကျွမ်းသူတွေ တိုးပွားလာမှာ ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)