အလဲဗင်းသတင်းထောက် အသတ်ခံရမှု အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးဖို့ မုံရွာသတင်းထောက်တွေ တောင်းဆို

0
266

အလဲဗင်းမီဒီယာ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးရေးအတွက် မုံရွာသတင်းထောက်များက ဝိုင်းဝန်းပြီး တောင်းဆိုလိုက်ပါတယ်။

15492609_629786417224595_7386301301856820023_n

ဒီတောင်းဆိုမှုဟာ ကိုစိုးမိုးထွန်းရဲ့ နာရေးအိမ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နာရေးမှာလိုက်ပါကြတဲ့ လူတွေအားလုံးကို အမှုမှန်ဖော်ထုတ်ပေးရေးအတွက် စတစ်ကာဗီနိုင်းတွေ ဝေငှခဲ့တာပါ။

အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ကိစ္စဟာ မုံရွာသတင်းထောက်တွေကြား လွှမ်းမိုးမှုတွေ ရှိနေသလို ခြိမ်းခြောက်မှုတစ်ခုလည်းဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ကိုစိုးမိုးထွန်းလိုဖြစ်စဉ်မျိုး နောပ်ထပ် မုံရွာမှာ ထပ်မဖြစ်ပွားဖို့ မုံရွာသတင်းထောက်တွေအားလုံးကို အစိုးရအနေနဲ့ အကာအကွယ်ပေးစေလိုတယ်လို့လည်း သတင်းထောက်တွေက တောင်းဆိုခဲ့တာပါ။

အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်းရဲ့ဈာပနာ့ကိုတော့ ဒီကနေ့ဒီဇင်ဘာ(၁၄)ရက် ညနေ(၃)နာရီက မုံရွာမြို့ဆားကျင်းသုဿာန်မှာ လူဦးရေ၂၀၀၀ ကျော်က လိုက်ပါပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)