တရားသူကြီးတွေ လာဘ်ပေး လာဘ်ယူ ကင်းရှင်းဖို့ ပြည်ထောင်စု တရားသူကြီးချုပ် သတိပေး

0
436

တရားသူကြီးတွေဟာ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့အတွက် အဓိကတာဝန်ရှိသူများ ဖြစ်တာကြောင့် လာဘ်ပေး လာဘ်ယူကင်းရှင်းဖို့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားလိုက်ပါတယ်။

123

ဒီဇင်ဘာလ ၁၄ ရက် ဒီကနေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး စုဝေးခန်းမမှာ ကျင်းပတဲ့ ဒုတိယမြို့နယ် တရားသူကြီးများ တာဝန်အပ်နှင်းခြင်း အခမ်းအနားမှာ အဲဒီလိုပြောဆိုလိုက်တာပါ။ ဒီလိုလာဘ်ပေးလာဘ်ယူကိစ္စကို ပြည်သူရဲ့ အကူအညီရယူပြီး ထိရောက်စွာ တားဆီးသွားမှာ ဖြစ်တယ်လို့လည်း သတိပေးပြောကြားခဲ့တာပါ။

ဒါ့အပြင် တရားစီရင်ရေးမဏ္ဍိုင်အပေါ်မှာ စိန်ခေါ်မှုတွေရှိပြီး အဲဒီစိန်ခေါ်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်သွားကြဖို့လည်း တရားသူကြီးချုပ်က
ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)