လက်နက်ကိုင် အဖွဲ့လေးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တာ ၀ လက်မခံ

0
286

ရှမ်းပြည်နယ် လွှတ်တော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာကို ၀ပြည် သွေးစည်းညီညွတ်ရေးပါတီက လက်မခံဘူးလို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

15400373_10153914561416923_2375116348118937283_n

ဒီဇင်ဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ အဲဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို ကြိုးပမ်းအားထုတ်နေတဲ့ ပြည်ထောင်စုအစိုးရကို လုံးဝအကျိုးမဖြစ်စေဘူးလို့ ရေးသားဖော်ပြထားပါတယ်။

လက်ရှိပြည်တွင်းစစ်ဟာ တိုင်းရင်းသားတွေ ရသင့်တဲ့နိုင်ငံရေးအခွင့် အရေးတွေ၊ တန်းတူညီမျှ ဆက်ဆံမှုမရှိခြင်းနဲ့ ထိရောက်တဲ့အာမခံချက်မရှိတာကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေက ခုခံတိုက်ခိုက်နေရတာဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးဆွေးနွေးပွဲသာ လက်ရှိပြည်တွင်းစစ်ကို ဖြေရှင်းဖို့ ထွက်ပေါက်ဖြစ်တယ်လို့ ပြောဆိုထားတာဖြစ်ပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)