တောင်သမန် (ဦးပိန်)တံတား နည်းလမ်း နှစ်သွယ်နဲ့ ထိန်းသိမ်းဖို့ အကြံပြု

0
519

ကမ္ဘာကျော်တောင်သမန်(ဦးပိန်)တံတား ရေရှည် ခိုင်မြဲစေဖို့ နည်းလမ်းနှစ်သွယ်နဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်ဖို့ မြန်မာဗိသုကာ ပညာရှင်
ကောင်စီက အကြံပြုထားပါတယ်။

15541434_1192115884214630_1497551627256843615_n

အဲဒီအကြံပြုချက်တွေထဲမှာ တံတားကြီးကို လက်ရှိအများပြည်သူ အသုံးပြုနေတာကို ကန့်သတ်ထားပြီး ရှေးဟောင်းအမွေအနှစ်အဖြစ် သီးသန့် ထားရှိထိန်းသိမ်းဖို့နဲ့ လက်ရှိအတိုင်းအများ ပြည်သူအသုံးပြုမှုကို ဆက်လက်ထားရှိပြီး ပြုပြင်ထိန်းသိမ်းဖို့တို့ဖြစ်ပါတယ်။

တံတားကြီးကို ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေကို ပြုလုပ်ဖို့ ဒေသခံတွေနဲ့ တွေဆုံပြီး အကြံပြုချက် ရယူသွားမှာဖြစ်တယ်လို့ တောင်တမန်အင်း သန့်ရှင်းသာယာလှပရေးနဲ့ ဦးပိန်တံတား ရေရှည်တည်တံ့ ခိုင်မာရေးကော်မတီ အတွင်းရေးမှူးပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)