သမားရိုးကျ အတွေးအခေါ်တွေကို ကျော်လွန် စဉ်းစားကြဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

0
295

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ တိုးမြှင့် ရေးဆောင်ရွက်ရာမှာ ပညာရေးနဲ့ အလုပ်အကိုင်ဆိုင်ရာ ကဏ္ဍတွေမှာရရှိခဲ့တဲ့ တိုးတက်မှုတွေကို အသိအမှတ်ပြုသော်လည်း ကျော်လွှားရမယ့်စိန်ခေါ်မှုတွေ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ အခကြေးငွေ မရတဲ့အလုပ်တွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတဲ့အဆင့်မှာ အမျိုးသမီးကိုယ်စားပြုမှု နည်းပါးနေပြီး စီးပွားရေး အရင်းအမြစ်တွေမျှတစွာသုံးစွဲမှု မရှိဘူးလို့ပြောကြားလိုက်ပါတယ်။

15571059_1030285447098469_976183054_n

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒီဇင်လ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပနေတဲ့ ကမ္ဘာ့အမျိုးသမီးညီလာခံ
World Assembly for Women WAW 2016 ကို ဗီဒီယိုမှတဆင့် မိန့်ခွန်းပြောကြားရာမှာ အခုလိုပြောကြားလိုက်တာပါ။

ညီလာခံကို တက်ရောက်နေ သူတွေအနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းကြရာမှာ လုပ်ရိုးလုပ်စဉ်တွေနဲ့ သမားရိုးကျ အတွေးအခေါ်တွေကို ကျော်လွန်စဉ်းစားကြဖို့နဲ့ ဖန်တီးတီထွင်တဲ့ အထောက်အထားကိုအခြေခံတဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်၊

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)