အဓမ္မပြုကျင့်မှု သတင်းမှား The Guardiain၊ South China Moring Post Website တို့ ဖော်ပြခဲ့ကြ

0
352

The Guardiain သတင်းစာ၊ South China Moring Post Website တွေမှာ ဖော်ပြခဲ့တဲ့ ကြက်ရိုးပြင်ရွာမှာ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခဲ့ရတဲ့ဖြစ်စဉ်မျိုး မရှိခဲ့ဘူးလို့ ကြက်ရိုးပြင်ဒေသခံတွေက ပြောဆိုလိုက်ပါတယ်။

untitled-1

အဲဒီသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်ကို ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒေသခံတွေကို သွားရောက်မေးမြန်းချိန်မှာ အဲဒီဖြစ်စဉ်မျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောဆိုခဲ့တာပါ။ ဒါ့အပြင် အဲဒီအမည်နဲ့ အမျိုးသမီးလည်း ကြက်ရိုးပြင်ရွာတွင်မရှိဘဲ ဒေသခံတွေအနေနဲ့ အဲဒီအမျိုးသမီးကိုလည်း မမြင်မတွေ့ဖူးဘူးလို့ ပြောဆိုခဲ့တာပါ။

The Guardiain သတင်းစာ၊ South China Moring Post Website က ကြက်ရိုးပြင်ရွာက Noor Ayesha အမည်ရှိတဲ့ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သူရဲ့သမီးနှစ်ဦးလည်း အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရတယ်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့က သတင်းထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)