သူနာပြု သားဖွားတွေ ကျင့်ဝတ်ကို လေးစားလိုက်နာဖို့ အထူးလိုဟုဆို

0
40

Unicode Version

သူနာပြု သားဖွားတွေရဲ့ ပုံရိပ်မြင့်မားဖို့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုနဲ့ မပြည့်စုံနိုင်ဘဲ ကျင့်ဝတ်တွေကို လေးစားလိုက်နာရေး အထူးလိုအပ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) မှာပြုလုပ်တဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုသင်တန်းကျောင်း နေပြည်တော်ရဲ့ ဒုတိယ အကြိမ် သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းတဲ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒီလိုပြောကြားရာမှာတော့ သူနာပြုနဲ့ သားဖွားတွေအနေနဲ့ သူနာပြုသစ္စာအဓိဌာန်တွေနဲ့ အညီ လူနာတွေကို မိဘ၊ သားသမီး၊ ဆွေမျိုးတွေလို သဘောထားပြီး စေတနာပြည့်ဝစွာနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးမှသာ လူနာတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မယ်လို့လည်း ဆိုခဲ့တာပါ။

ဒါ့အပြင် ဝန်ကြီး ဌာနအနေနဲ့လည်း သူနာပြုနဲ့ သားဖွားတွေရဲ့ ပုံရိပ်မြင့်မားရေး၊ အရည်အသွေး မြင့်မားရေးအပါအဝင် သူနာပြုနှင့် သားဖွားကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဦးစားပေး ဆောင်ရွက်နေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Zawgyi Version