ရန်ကုန်မှာ မွန်းတည့်ချိန်အထိ မိုးထစ်ချုန်းရွာနိုင် ရွာရန် ရာနှုန်း (၆၀) ရှိ

0
132

Unicode Version

ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက် ကြာသာပတေးနေ့ မွန်းတည့်ချိန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်း (၆၀) ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ မနက် ၃ နာရီအချိန်လောက်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသက်လေ တိုက်ခက်မှုတွေ ဖြစ်ပေါ်ထားတာပါ။

နိုဝငဘြာလ ၁၃ ရကနြေ့ မှနမြာစံတောခြွိနြ ည (၇) နာရီအခွိနြ တိုငြးထှာရရှိတဲ့ အခကွအြလကတြှအရေ ရနကြုနမြှို့နဲ့ အနီးတဝိုကသြာမက နပှညေတြောအြပါအဝငြ မနျတလေးမှို့နဲ့ အနီးတဈဝိုကမြှာလညြး မှနြးတည့ခြွိနအြထိ တိမအြသငြ့အတငြ့ ဖှဈထှနြးမယလြို့လညြး မိုးဇလက ခနြ့မှနြးထားပါတယြ။

ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာလည်း အလားတူ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်း (၆၀) ရှိနေကာ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိနေပြီး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၅) ပေမှ (၇) ပေလောက်အထိ ရှိနိုင်တယ်လို့လည်း ခံမှန်းထားတာပါ။

နောက် (၂) ရက်အတွက် ခန့်မှန်းချက်အနေနဲ့ကတော့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ညအပူချိန်တေွ အနည်းငယ် လျော့နည်းလာမယ့် အခြေအနေရှိတယ်လို့လည်း မိုးဇလက သတင်းထုတ်ပြန် ထားပါတယ်။



Zawgyi Version

ရန်ကုန်မှာ မွန်းတည့်ချိန်အထိ မိုးထစ်ချုန်းရွာနိုင် ရွာရန် ရာနှုန်း (၆၀) ရှိ

ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက် ကြာသာပတေးနေ့ မွန်းတည့်ချိန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်း (၆၀) ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မနက် ၃ နာရီအချိန်လောက်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသက်လေ တိုက်ခက်မှုတွေ ဖြစ်ပေါ်ထားတာပါ။

နိုဝင်ဘာလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ည (၇) နာရီအချိန် တိုင်းထွာရရှိတဲ့ အချက်အလက်တွေအရ ရန်ကုန်မြို့နဲ့ အနီးတဝိုက်သာမက နေပြည်တော်အပါအဝင် မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာလည်း မွန်းတည့်ချိန်အထိ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့လည်း မိုးဇလက ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာလည်း အလားတူ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်း (၆၀) ရှိနေကာ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိနေပြီး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၅) ပေမှ (၇) ပေလောက်အထိ ရှိနိုင်တယ်လို့လည်း ခံမှန်းထားတာပါ။

နောက် (၂) ရက်အတွက် ခန့်မှန်းချက်အနေနဲ့ကတော့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ညအပူချိန်တွေ အနည်းငယ် လျော့နည်းလာမယ့် အခြေအနေရှိတယ်လို့လည်း မိုးဇလက သတင်းထုတ်ပြန် ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)