NLD အမတ် ဖမ်းခံရမှ ကန့်ကွက်တဲ့ အဆိုတင်တာ တရားမျှတမှု မရှိတဲ့ လုပ်ရပ်ဟုဆို

0
5208

Unicode Version

ဒေါက်တာ အေးမောင်ကို ဖမ်းဆီးထောင်ချ ထားတာကလည်း အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေနိုင်ပြီး NLD ပါတီက ကိုယ်စားလှယ် ဖမ်းဆီးခံရမှ ကန့်ကွက်ရှုတ်ချတဲ့ အဆိုတင်တာ တရားမျှတမှု မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် AA က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA ကို ကန့်ကွက်ရှုတ်ချကြောင်း NLD ပါတီက အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်က လက်ခံခဲ့တဲ့အပေါ် AA အဖွဲ့က တုံ့ပြန် ပြောဆိုလိုက်တာပါ။

AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို အဆိုတင်သွင်းတာနဲ့ ပတ်သက်ပြီး RFA သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ အဲ့ဒီလို ပြောဆိုခဲ့တာခဲ့ ဖြစ်ပြီး NLD ပါတီအနေနဲ့ ဒီလိုဆောင်ရွက်နေသမျှ ကာလပတ်လုံး ငြိမ်းချမ်းရေး မရနိုင်ဘူးလို့လည်း သူက ပြောဆိုခဲ့ပါတယ်။

AA အဖွဲ့က ဦးဝှေ့တင်းကို ဖမ်းဆီးထားမှုဟာ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ ပြည်သူ့ကိုယ်စားပြုမှုတွေကို တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း အရေးကြီးအဆိုကို NLD ပါတီရဲ့ မန္တလေးတိုင်း အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက တင်သွင်းခဲ့တာပါ။

ဒီလို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နိုဝင်ဘာလ ၉ ရက်နေ့ကလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကြေညာချက် တစ်စောင်ထုတ်ပြန် တိုက်တွန်းခဲ့သလို ချင်းအရပ်ဖက်အဖွဲ့အစည်း ၄၃ ဖွဲ့ကလည်း နို၀င်ဘာလ ၁၀ ရက်နေမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီးတောင်းဆိုမှုတွေ ရှိခဲ့တာပါ။

လွှတ်တော် အစည်းအဝေးတွေတက်ဖို့ ပလက်ဝကနေ နေပြည်တော်ကို အလာ နို၀င်ဘာလ ၃ ရက်နေ့က ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နယ်စပ်မှာ ဦးဝှေ့တင်းကို အိန္ဒိယနိုင်ငံသား ငါးဦးနဲ့အတူ AA အဖွဲ့က စတင်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။


မန္တလေးတိုင်း အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးကို ၂၀၁၉၊ နိုဝင်ဘာ ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တွေ့ရစဥ် (Photo : Pyidaungsu Hluttaw)

Zawgyi Version

NLD အမတ် ဖမ်းခံရမှ ကန့်ကွက်တဲ့ အဆိုတင်တာ တရားမျှတမှု မရှိတဲ့ လုပ်ရပ်ဟုဆို

ဒေါက်တာ အေးမောင်ကို ဖမ်းဆီးထောင်ချ ထားတာကလည်း အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေနိုင်ပြီး NLD ပါတီက ကိုယ်စားလှယ် ဖမ်းဆီးခံရမှ ကန့်ကွက်ရှုတ်ချတဲ့ အဆိုတင်တာ တရားမျှတမှု မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် AA က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA ကို ကန့်ကွက်ရှုတ်ချကြောင်း NLD ပါတီက အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်က လက်ခံခဲ့တဲ့အပေါ် AA အဖွဲ့က တုံ့ပြန် ပြောဆိုလိုက်တာပါ။

AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို အဆိုတင်သွင်းတာနဲ့ ပတ်သက်ပြီး RFA သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ အဲ့ဒီလို ပြောဆိုခဲ့တာခဲ့ ဖြစ်ပြီး NLD ပါတီအနေနဲ့ ဒီလိုဆောင်ရွက်နေသမျှ ကာလပတ်လုံး ငြိမ်းချမ်းရေး မရနိုင်ဘူးလို့လည်း သူက ပြောဆိုခဲ့ပါတယ်။

AA အဖွဲ့က ဦးဝှေ့တင်းကို ဖမ်းဆီးထားမှုဟာ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ ပြည်သူ့ကိုယ်စားပြုမှုတွေကို တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း အရေးကြီးအဆိုကို NLD ပါတီရဲ့ မန္တလေးတိုင်း အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက တင်သွင်းခဲ့တာပါ။

ဒီလို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နိုဝင်ဘာလ ၉ ရက်နေ့ကလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကြေညာချက် တစ်စောင်ထုတ်ပြန် တိုက်တွန်းခဲ့သလို ချင်းအရပ်ဖက်အဖွဲ့အစည်း ၄၃ ဖွဲ့ကလည်း နိုဝင်ဘာလ ၁၀ ရက်နေမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီးတောင်းဆိုမှုတွေ ရှိခဲ့တာပါ။

လွှတ်တော် အစည်းအဝေးတွေတက်ဖို့ ပလက်ဝကနေ နေပြည်တော်ကို အလာ နိုဝင်ဘာလ ၃ ရက်နေ့က ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နယ်စပ်မှာ ဦးဝှေ့တင်းကို အိန္ဒိယနိုင်ငံသား ငါးဦးနဲ့အတူ AA အဖွဲ့က စတင်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)