ကလေးသူငယ်ဥပဒေ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရေးဆွေးနွေး

0
26

Unicode Version

ကလေးသူငယ်ဥပဒေကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရေး အစိုးရနဲ့ UNICEF မြန်မာတို့ ဆွေးနွေးခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်ကို UNICEF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. June Kunugi က နို၀င်ဘာလ ၁၃ ရက်နေ့ နေပြည်တော်မှာ လာရောက်တွေ့ဆံစဉ် ဆွေးနွေးခဲ့ကြတာပါ။

ဒီလိုတွေ့ဆုံ ဆွေးနွေးရာမှာတော့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေ ပါဝင်ပတ်သက်မှဆိုင်ရာ “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း” ရဲ့ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC) ကို မြန်မာနိုင်ငံ အတည်ပြု ပါဝင်ခဲ့တဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ် (၃၀) ပြည့် အထိမ်းအမှတ် “အမျိုးသားအဆင့် ကလေးသူငယ်များ ဆွေးနွေးပွဲ” ကို နို၀င်ဘာလ ၂၀ ရက်နေ့ နေပြည်တော်မှာ ကျင်းပနိုင်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်နှင့် UNICEF မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. June Kunugi တို့ဆွေးနွေးနေစဉ် (Photo : MOFA)

Zawgyi Version

ကလေးသူငယ်ဥပဒေ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရေးဆွေးနွေး

ကလေးသူငယ်ဥပဒေကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရေး အစိုးရနဲ့ UNICEF မြန်မာတို့ ဆွေးနွေးခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်ကို UNICEF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. June Kunugi က နိုဝင်ဘာလ ၁၃ ရက်နေ့ နေပြည်တော်မှာ လာရောက်တွေ့ဆံစဉ် ဆွေးနွေးခဲ့ကြတာပါ။

ဒီလိုတွေ့ဆုံ ဆွေးနွေးရာမှာတော့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေ ပါဝင်ပတ်သက်မှဆိုင်ရာ “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း” ရဲ့ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC) ကို မြန်မာနိုင်ငံ အတည်ပြု ပါဝင်ခဲ့တဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ် (၃၀) ပြည့် အထိမ်းအမှတ် “အမျိုးသားအဆင့် ကလေးသူငယ်များ ဆွေးနွေးပွဲ” ကို နိုဝင်ဘာလ ၂၀ ရက်နေ့ နေပြည်တော်မှာ ကျင်းပနိုင်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။