၂၀၂၀ ရွေးကောက်ပွဲမှာ အမုန်းစကားနဲ့ သတင်းအမှား မပြန့်ပွားရေး ဆွေးနွေး

0
130

Unicode Version

၂၀၂၀ ရွေးကောက်ပွဲမှာ အမုန်းစကားနဲ့ သတင်းအမှား မပြန့်ပွားဖို့ ကာကွယ်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ကုလ အထူးကိုယ်စားလှယ်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလ ၁၃ ရက်အနေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နဲ့ အဖွဲ့ နေပြည်တော်မှာ လာရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတာပါ။

ဒီလိုဆွေးနွေးရာမှာတော့ ပြည်တွင်းနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ ဖိတ်ကြားသွားမယ့် အစီအစဉ်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကူညီထောက်ပံ့နိုင်ရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အလားတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားတဲ့ စံ (၅) ချက်အညီ ကျင်းပနိုင်ဖို့ ပြင်ဆင်နေမှု၊ တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဖြစ်စဉ်တွေမှာ အမျိုးသမီးပါဝင်မှုကဏ္ဍ တိုးတက်မြင့်မားလာစေဖို့ ဆောင်ရွက်နေမှု၊ နိုင်ငံရေး ပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအတွက် ကျင့်ဝတ် Code of Conduct (CoC) ပြန်လည် မွမ်းမံပြင်ဆင်နေမှုတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံကို (၉) ကြိမ်မြောက် ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကုလ အထူးကိုယ်စားလှယ်ဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလည်း အဲ့ဒီနေ့ မနက်ပိုင်းက တွေ့ဆုံမှုတွေ ရှိခဲ့ပါသေးတယ်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များနှင့်အတူ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့အား တွေ့ရစဉ် (Photo : MOI)

Zawgyi Version

၂၀၂၀ ရွေးကောက်ပွဲမှာ အမုန်းစကားနဲ့ သတင်းအမှား မပြန့်ပွားရေး ဆွေးနွေး

၂၀၂၀ ရွေးကောက်ပွဲမှာ အမုန်းစကားနဲ့ သတင်းအမှား မပြန့်ပွားဖို့ ကာကွယ်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ကုလ အထူးကိုယ်စားလှယ်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလ ၁၃ ရက်အနေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နဲ့ အဖွဲ့ နေပြည်တော်မှာ လာရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတာပါ။

ဒီလိုဆွေးနွေးရာမှာတော့ ပြည်တွင်းနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ ဖိတ်ကြားသွားမယ့် အစီအစဉ်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကူညီထောက်ပံ့နိုင်ရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အလားတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားတဲ့ စံ (၅) ချက်အညီ ကျင်းပနိုင်ဖို့ ပြင်ဆင်နေမှု၊ တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဖြစ်စဉ်တွေမှာ အမျိုးသမီးပါဝင်မှုကဏ္ဍ တိုးတက်မြင့်မားလာစေဖို့ ဆောင်ရွက်နေမှု၊ နိုင်ငံရေး ပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအတွက် ကျင့်ဝတ် Code of Conduct (CoC) ပြန်လည် မွမ်းမံပြင်ဆင်နေမှုတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံကို (၉) ကြိမ်မြောက် ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကုလ အထူးကိုယ်စားလှယ်ဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလည်း အဲ့ဒီနေ့ မနက်ပိုင်းက တွေ့ဆုံမှုတွေ ရှိခဲ့ပါသေးတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)