အလုပ္သမားေခၚယူရာမွာ အလုပ္ရွင္က ေပးေခ်ရမယ့္စနစ္ IOM က မိတ္ဆက္ (႐ုပ္/သံ)

0
667

အလုပ္သမားေခၚယူရာမွာ အလုပ္ရွင္က ေပးေခ်ရမယ့္စနစ္ကို IOM က ျပည္ပအလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီေတြကို မိတ္ဆက္ရွင္းလင္းခဲ႔ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ေရႊ႕ေျပာင္းသြားလာ ေနထိုင္ျခင္းဆိုင္ရာ ႏိုင္ငံတကာအဖြဲ႔အစည္း IOM က က်င့္ဝတ္နဲ႔ေလ်ာ္ညီတဲ႔ အလုပ္ခန႔္ထားမႈဆိုင္ရာ စံႏႈန္းေတြ ျဖစ္ေပၚေစဖို႔အတြက္ ဂုဏ္သိကၡာရွိတဲ့ ႏိုင္ငံတကာ လုပ္သားစုေဆာင္းတဲ့စနစ္ IRIS အေၾကာင္းကို ျပည္ပအလုပ္အကိုင္ေအဂ်င္စီေတြကို မိတ္ဆက္ ရွင္းလင္းခဲ့ပါတယ္။

ဂုဏ္သိကၡာရွိတဲ႔ ႏိုင္ငံတကာလုပ္သား စုေဆာင္းတဲ႔စနစ္ IRIS မွာ အခ်က္ ၇ ခ်က္ ပါဝင္ၿပီး၊ အဲဒီအထဲမွာ ႏိုင္ငံတကာက ခ်မွတ္ထားတဲ႔ အလုပ္သမားဥပေဒေတြနဲ႔အညီ ေလးစားလိုက္နာဖို႔နဲ႔ ျပည္ပအလုပ္သမားေတြကို ေခၚယူရာမွာ အလုပ္ရွင္ကသာ ကုန္က်စရိတ္ ေပးေခ်ရမယ့္ အခ်က္ေတြပါဝင္ပါတယ္။

ႏိုင္ဝင္ဘာလ ၁၂ ရက္ကေန ၁၃ ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕ ဆူးေလ ရွန္ဂီလာဟိုတယ္မွာ ဂုဏ္သိကၡာရွိတဲ့ ႏိုင္ငံတကာလုပ္သား စုေဆာင္းသည့္စနစ္ IRIS အေၾကာင္း မိတ္ဆက္ ရွင္းလင္းခဲ့တာပါ။

Soundbite ဦးေအာင္ေက်ာ္သန္း (ျပည္တြင္းပူးေပါင္းေဆာင္ရြက္မႈႏွင့္ စီမံကိန္းအရာရွိ) ေရႊ႕ေျပာင္းသြားလာ ေနထိုင္ျခင္းဆိုင္ရာ ႏိုင္ငံတကာအဖြဲ႔အစည္း IOM

IRIS ရဲ႕ စံသတ္မွတ္ခ်က္ေတြက အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရး အေထာက္အကူျပဳမႈေတြနဲ႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႔ ILO ရဲ႕ သေဘာတူညီခ်က္ေတြ ပါဝင္ပါတယ္။

အဲဒါေၾကာင့္ ျပည္ပေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ အခြင့္အလမ္းေတြရႏိုင္သလို ျပည္ပ အလုပ္အကိုင္ေအဂ်င္စီေတြအတြက္လည္း အခြင့္အေရးေတြရရွိႏိုင္မွာ ျဖစ္ပါတယ္။

Soundbite ဦးပီတာညြန္႔ေမာင္ (ဥကၠ႒) ျမန္မာျပည္ပ အလုပ္အကိုင္ရွာဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္ MOEAF

အခု လက္ရွိမွာ ကေနဒါ၊ ဖိလစ္ပိုင္၊ ဘဂၤလားေဒရွ္႕နဲ႔ နီေပါႏိုင္ငံတို႔က ျပည္ပအလုပ္သမားေတြကို ေခၚယူရာမွာ အလုပ္ရွင္က သာ ကုန္က်စရိတ္ ေပးေခ်ရမယ္႔စနစ္ IRIS ကို က်င့္သုံးေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်သမားခေါ်ယူရာမှာ အလုပ်ရှင်က ပေးချေရမယ့်စနစ် IOM က မိတ်ဆက်

အလုပ်သမားခေါ်ယူရာမှာ အလုပ်ရှင်က ပေးချေရမယ့်စနစ်ကို IOM က ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို မိတ်ဆက်ရှင်းလင်းခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM က ကျင့်ဝတ်နဲ့လျော်ညီတဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ စံနှုန်းတွေ ဖြစ်ပေါ်စေဖို့အတွက် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတကာ လုပ်သားစုဆောင်းတဲ့စနစ် IRIS အကြောင်းကို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို မိတ်ဆက် ရှင်းလင်းခဲ့ပါတယ်။

ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတကာလုပ်သား စုဆောင်းတဲ့စနစ် IRIS မှာ အချက် ၇ ချက် ပါဝင်ပြီး၊ အဲဒီအထဲမှာ နိုင်ငံတကာက ချမှတ်ထားတဲ့ အလုပ်သမားဥပဒေတွေနဲ့အညီ လေးစားလိုက်နာဖို့နဲ့ ပြည်ပအလုပ်သမားတွေကို ခေါ်ယူရာမှာ အလုပ်ရှင်ကသာ ကုန်ကျစရိတ် ပေးချေရမယ့် အချက်တွေပါဝင်ပါတယ်။

နိုင်ဝင်ဘာလ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့ ဆူးလေ ရှန်ဂီလာဟိုတယ်မှာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတကာလုပ်သား စုဆောင်းသည့်စနစ် IRIS အကြောင်း မိတ်ဆက် ရှင်းလင်းခဲ့တာပါ။

Soundbite ဦးအောင်ကျော်သန်း (ပြည်တွင်းပူးပေါင်းဆောင်ရွက်မှုနှင့် စီမံကိန်းအရာရှိ) ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM

IRIS ရဲ့ စံသတ်မှတ်ချက်တွေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အထောက်အကူပြုမှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ သဘောတူညီချက်တွေ ပါဝင်ပါတယ်။

အဲဒါကြောင့် ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခွင့်အလမ်းတွေရနိုင်သလို ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေအတွက်လည်း အခွင့်အရေးတွေရရှိနိုင်မှာ ဖြစ်ပါတယ်။

Soundbite ဦးပီတာညွန့်မောင် (ဥက္ကဋ္ဌ) မြန်မာပြည်ပ အလုပ်အကိုင်ရှာဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF

အခု လက်ရှိမှာ ကနေဒါ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေရှ့်နဲ့ နီပေါနိုင်ငံတို့က ပြည်ပအလုပ်သမားတွေကို ခေါ်ယူရာမှာ အလုပ်ရှင်က သာ ကုန်ကျစရိတ် ပေးချေရမယ့်စနစ် IRIS ကို ကျင့်သုံးနေတာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)